Introduction

ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ? .....


လောကတွင်အဖိုးအတန်ဆုံးနှင့်အလကားရသောအရာသည်အချိန်ပဲဖြစ်ပါသည်...
အလားရထားသော
အချိန်ကိုအလဟသမဖြုန်းတီးပါနှင့်..
.ရှေးလူကြီးများပြောခဲ့သောစကားဖြစ်ပါသည်...အချိန်ဆိုတဲ့အတိုင်းအတာ
တခုအတွင်းမှာ ဘာမဆိုလုပ်၍ဖြစ်နိုင်၏....ပြောင်းလဲမှုအားလုံးတို့ရဲ့အစဟာအချိန်ပင်ဖြစ်၏...
သက်တမ်းတိုတောင်းလှသောကျွန်တော်တို့၏ဘဝတွင်လုပ်စရာတွေကများနေ၍အချိန်ကနည်းပါးလွန်း
လှသည်...ထိုနည်းပါးလွန်းသောအချိန်များကိုပင် မိသသားစုအတွက်လည်းပေးချင်၏...မိတ်ဆွေသူငယ်ချင်းများ
အတွက်လည်းပေးချင်၏....မိမိလုပ်စရာရှိသောလုပ်ချင်သော
အလုပ်များကိုလည်းမသေခင်လုပ်ချင်သေး၏...

မေးခွန်းထုတ်ရလျှင်ကျွန်တော်တို့သည်မိမိ၏အိမ်မက်များကိုဘယ်နှစ်ခုများအကောင်ထည်ဖေါ်ခဲ့ပြီးပါသလဲ?
ဆန္ဒနှင့်လက်တွေ့တထပ်ထဲကျရန်မှာလွယ်ကူသောအလုပ်မဟုပ်ပါ...တစ်ချို့သောသူများ
အကြောင်းကိုဆောင်း
ပါးများတွင်ဖတ်ဘူးသည်...မိမိလုပ်ချင်သည်များကို မှတ်တမ်းတင်ထားပြီးဘဝတလျှောက်လုံးစိုက်စိုက်မတ်မတ်
လုပ်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုရခဲ့၏....အားကျဖို့ကောင်းပါသည်...အချို့သောသူများသည်ဘဝကိုရောင့်
ရဲတင်းတိမ်နိုင်ကြသည်...ကျွန်တော့်မိတ်ဆွေတယောက်ဆိုလျှင် ကင်မရာတလုံးဖြင့်ပန်းပွင့်ကလေးများလိပ်ပြာ
ကလေးများကိုဓါတ်ပုံလိုက်ရိုက်ပြီးဘဝကိုကျေနပ်စွာဖြတ်သန်းနေသည်ကိုတွေ့ဘူးသည်.....
ဒါကြောင့်အဖိုးတန်
သောအချိန်၊ အစားပြန်၍မရနိုင်သောအချိန်ကို တန်ဖိုးရှိစွာအသုံးချကြပါ.....
အချိန်နှင့်ပါတ်သက်၍ စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်ကိုဖတ်ရ၏....ဖတ်ပြီးတဲ့နောက်ပြန်လည်ဝေငှချင်
လာ၏....ပုံပြင်လေးကတော့.....
တခါကသက္ကသိုလ်တခုမှာ စီးပွားရေးလေ့လာနေသောကျောင်းသားများကို ကျွမ်းကျင်
သူတဦးကအချိန်ကိုစီမံခန့်ခွဲမှုနှင့်ပါတ်သက်၍သင်ကြားပို့ချနေ၏....ဆရာကကျောင်းသားများမမေ့ရအောင်ဥပ
မာပြ၍ရှင်းပြ၏...ဆရာသည်ရေဖန်ချိုင့်တခုယူလာပြီးစားပွဲပေါ်တွင်ချသည်...ထို့နောက်လက်သီးဆုပ်အရွယ်ခန့်
ကျောက်တုံးများကိုစနစ်တကျစီ၍ဖန်ချိုင့်ထဲထည့်သည်....ကျောင်းသားများကဘာလုပ်မှန်းမသိ၍ငြိမ်ပြီးကြည့်
နေ၏....ဖန်ချိုင့်ထဲတွင်ကျောက်တုံးများထည့်၍မရတော့လောက်အောင်ပြည့်သွားသောအခါ ဆရာကကျောင်းသားများကိုမေးလိုက်သည်"ဖန်ချိုင့်ထဲမှာပြည့်သွားပြီလား" ကျောင်းသားများက "ဟုတ်ကဲ့ ပြည့်ပါပြီ" ဟုတညီတညာထဲဖြေကြသည်....ဆရာက "ဟုတ်ရဲ့လား" ဟုပြန်မေးပြီးကျောက်စရစ်တုံးငယ်များထည့်ထားသောအိပ်တအိပ်ကိုဆွဲထုပ်လာသည်...
ထို့နောက်ကျောက်တုံးကြီးများကြားလပ်နေသောနေရာများကြားထဲတွင်ကျောက်

ရစ်ခဲငယ်များကိုလောင်းချသည်...ထိုလစ်ဟာနေသောနေရာများတွင်ကျောက်စရစ်ခဲငယ်များ
ဖြင့်ပြည့်သွားပြန်
သည်...ထို့နောက်ဖန်ချိုင့်ပြည့်ပြီလားဟုကျောင်းသားများကိုမေးလိုက်ရာ
ကျောင်းသားတဦးကမဝန့်မရဲဖြင့်“အင်း
မဟုတ်နိုင်သေးဘူး”ဟုပြန်ဖြေသည်.....
“ကောင်းပြီ”ဟုဆရာကပြောလိုက်ပြီး သဲအိပ်တစ်အိပ်ဆွဲထုတ်လာပြန်
သည်...ကျောက်ခဲငယ်များဖြင့်ပြည့်လွတ်နေသော
နေရာများကြားသို့သဲမှုန်များကိုထပ်၍ဖြည့်ပြန်သည်...ကြားရှိ

လစ်ဟာနေသောနေရာများတွင်သဲမှုန်များထပ်၍ထပ်၍ဝင်သွားပြန်သည်...ဆရာက
ထပ်မေးပြန်သည်“ဖန်ချိင့်
ပြည့်ပြီလား”ကျောင်းသားများက “မပြည့်သေးပါဘူး” ဟုပြောသည်...ဆရာကပြောပြောဆိုဆိုရေတစ်ဖန်ချိုင့်
ဆွဲထုတ်လာ၍ထိုကျောက်ခဲများကြားသို့လောင်းချလိုက်ပြန်သည်...ရေများဖန်ချိုင့်နှုတ်ခမ်းနားအထိပြည့်လျှံသွား
လေသည်...ထိုအခါမှဆရာကကျောင်းသားများကိုကြည့်လိုက်ရင်းမေးလေ၏“ဒီသင်ခန်းစာကမင်းတို့ဘာလေ့
လာရသလဲ”ကျောင်းသားတစ်ဦးကလက်ထောင်ပြရင်း“ဆရာပြောချင်တဲ့အချက်ကကျွန်တော်တို့အချိန်ဇယား
ထဲမှာဘယ်လောက်ပဲမအားတဲ့ကြားထဲက သေသေချာချာရှာရင်အချိန်တွေထပ်ရနိုင်တယ် ကျွန်တော်တို့အချိန်တွေထပ်ဖန်တီးနိုင်တယ်ဆိုတဲ့အချက်ပဲမဟုတ်လားဆရာ” “မဟုတ်သေးဘူး”ဟုဆရာကဖြေသည်....ဒီအခုသင်ခန်းစာမှာပေးချင်တဲ့အချက်က အကြီးဆုံးကျောက်တုံးတွေကိုအရင်မထည့်ဘူးဆိုရင်ကျွန်တော်တို့ဒီလောက်များ
များထပ်ထပ်ထည့်လို့မရနိုင်ဘူးဆိုတဲ့အချက်ပဲ...ကျွန်တော်တို့အသေးအဖွဲတွေနဲ့အလုပ်ရှုပ်နေလို့မရဘူး...
ကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလည်း”......
ကျွန်တော်တို့ခလေးတွေလား...ကျွန်တော်တို့အချစ်ရဆုံးအိမ်သူလား....ပညာရေးအိမ်မက်
အဖိုးတန်တဲ့မိမိရဲ့အရေး...လှုပ်ရှားမှု...ကျမ်းမာရေး....မိမိဝါသနာပါရာကိုလုပ်နေရမှု....အခြားသူတွေအတွက်
ပရဟိတစသည်ဖြင့်ရှိမယ်...အားလုံးသတိ့ကြဖို့ကအရေးကြီးတဲ့ကျောက်တုံးတွေအရင်ထည့်ရမယ်...မထည့်ရင်
ကျွန်တော်တို့ဘာမှထပ်ထည့်လို့မရနိုင်တော့ဘူး...ကျွန်တော်တို့ဘဝတိုတိုမှာအချိန်ကိုဘယ်လိုမှအကျိုးရှိရှိလုပ်
နိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့်ကိုယ့်ကို ကိုမေးခွန်းပြန်ထုတ်ပါ...
{အားလုံးတစ်ဦးချင်းဆီရဲ့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ}
အချိန်ကိုတန်ဖိုးရှိစွာအသုံးချနိုင်ကြပါစေ
(ရာမညသားေ
လး-malaysia)

0 comments:

Post a Comment