Introduction

ွှအရမ်းအရေးကြီးတယ်...အားလုံးသတိထားကြပါ....

0 comments
အရေးကြီးတယ် ဆက်ပြီး share ပေးပါ
aungsansukyi.youth@gmail.com add လာပါက
လုံးဝလက်မခံပါနဲ့မိမိတို့အကောင့်
့များပျေက်ဆုံးသွားပါလိမ့်မည်..
ခင်ညွန့်အပိုင်း ၃ ဆြိုပီး zip ဖိုင်နဲ့ပို့လာတာဟာ VIRUS ပါ
ကွန်ပျူတာကိုလုံးဝ ပျက်သွားစေပါတယ် လုံးဝဖွင့်မကြည့်ပါနဲ့....

ရွေးကောက်ပွဲ မော်ဒန်ကျောက်စာ.....

0 comments


သျှရီ နမောဗုဒ္ဓါယ ...
သက္ကရစ် ၂၀၁၀ ခု၊ ရွေးကောက်ပွဲနှစ်၊ စက်တင်ဘာလဆန်း ၉ ရက်၊ စနေနေ့။

ဆိုင်းဆရာ ရွာစားကြီးမြေး၊ အညာသား၊ သည်းသည်းလှုပ် ကျော်ဇွ။

မီးပျက်သောဆင်းရဲ၊ ရေမလာသောဆင်းရဲ၊ အင်တာနက်လိုင်း နှေးကွေးသောဆင်းရဲ၊ လိုင်းဖုန်းများပျက်၍ မိုဘိုင်းလ်များ ဆားဗစ်မမိသောဆင်းရဲ၊ ဧည့်စာရင်း ပုံမှန်တိုင်ရသောဆင်းရဲ၊ လက်ဖက်ရည်ဖိုးလည်းပေးရ အဟောက်လဲခံရ၍ အကုသိုလ် များရသောဆင်းရဲ၊ ဘတ်စ်ကား/ရထား အချိန်မမှန်သောဆင်းရဲ၊ လမ်းပျက်/မြောင်းပိတ် မိုးရွာတိုင်း စိတ်ညစ်ရသောဆင်းရဲ၊ အကြောင်းအမျိုးမျိုးပြ အလှုငွေခွဲတမ်းချတိုင်း ပေးရကမ်းရသောဆင်းရဲ၊ အစိုးရကိစ္စ ကြုံကြလေတိုင်း တစ်မေ့တစ်မောစောင့်ရ ဒုက္ခတွေပိုရသောဆင်းရဲ ...

အသက်မွေးမှုအတတ်ပညာ တစ်ဖက်ကမ်းခပ် တတ်ပါသော်လည်း စစ်ဗိုလ်တွေ ဘီပိုးတွေ့ အရပ်ဖက်သို့ ရွှေ့လာကြသဖြင့် လေ့လာထားသမျှ သုံးခွင့်မရ ပညာရှင်က အခိုင်းပြန်ခံရသောဆင်းရဲ၊ ကိုယ့်နိုင်ငံသံရုံး ကိုယ်ပြန်မုန်းရသောဆင်းရဲ၊ ရိုးသားချင်သော်လည်း ထမင်းမ၀၍ ခိုးရဖွက်ရ အနိုင်ကျင့်ရသောဆင်းရဲ၊ ရိုးရိုးသားသား ဆိုင်ဖွင့်စားသော်လည်း မီးသတ်ကိုအားကိုးမရ ဈေးမီးလောင်တိုင်း စီးပွားပျက်ကြရသောဆင်းရဲ၊ ကြံ့ဖွတ်အလံထောင်မှ အလှုအတန်း လုပ်ခွင့်ရသောဆင်းရဲ၊ ကဗျာ/ဘလော့ဂ်ရေး၍ အဖမ်းခံရသောဆင်းရဲ၊ မသာချပေး၍ ထောင်ကျရသောဆင်းရဲ၊ စစ်ဗိုလ်နှင့်ရန်ဖြစ်၍ သေနတ်နှင့် အပစ်ခံရသောဆင်းရဲ၊ ဟိုဆင်းရဲ ဒီဆင်းရဲ၊ ဤသို့ကစသော အတိုင်းမသိသော ဆင်းရဲတို့သည် နှိက်စက်သော မြန်မာပြည်၏ လက်ရှိအာဏာရှင်စံနစ်ကို စွန့်ထားခဲ့၍ ...

စည်းကမ်းရှိသော၊ ဒီမိုကရေစီပြည့်ဝသော၊ ဘွဲ့ရတစ်ယောက် ဖြစ်ခြင်းအတွက် ဂုဏ်ယူနိုင်သော၊ အလုပ်လုပ်နေသမျှ ထမင်းဝသော၊ ကိုယ့်အစိုးရအတွက် ကိုယ်ဂုဏ်ယူရသော၊ ပြည်သူ့ဘဏ္ဍာနှင့် တံတားဆောက်ခြင်းအတွက် ကျေးဇူးတင်စကား ပြောစရာမလိုသော၊ ကိုယ့်စစ်တပ်နှင့်ရဲ ကိုယ့်ကိုကာကွယ်ပေးမှာပဲဟု ယုံကြည်စိတ်ချနိုင်သော၊ သတင်းများကို သတင်းစာတွင် ဖတ်နိုင်သော၊ ဆင်းရဲခြင်း ခပ်သိမ်းကင်းသော၊ ချမ်းသာစွာသော မြင့်မြတ်သော ပါလီမန်ဒီမိုကရေစီစနစ်ကို ငါလိုသတည်းဟူ၍ ရွှေငွေကစသော ဥစ္စာတို့ကိုစွန့်၍ ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပါဝင်နိုင်ရန် မှတ်ပုံတင်ကြေး ငါးသိန်းကို ငါပေးသွင်း၏။

ဤသို့လျှင် ငါပေးသွင်းသော မှတ်ပုံတင်ကြေးကို အဆုံးမခံရစိမ့်သောငှာ ၂၀၀၈ ခုနှစ်၌ အတင်းအကျပ် တိုင်းသိပြည်သိ အတည်ပြုအပ်သော နာဂစ်ဖွဲ့စည်းပုံကြီးကို ငါလက်ခံခဲ့၏။ ဤငါပြုသော ကောင်းမှုအကျိုးကို ခပ်သိမ်းသော အစိုးရသော ရေမြေ့သခင်ဖြစ်သော တပ်ချုပ်ကြီးလည်း ရစေ၏။ ကြိုင်ကြိုင်အစ၊ ဖိုးလပြည့်အဆုံး ဒင်းတို့တစ်မိသားစုလုံးလည်း ရစေ၏။ အဖိုးကြီး၏ မောင်းမမိဿံများနှင့် တဆွေတမျိုးလုံးနှင့် နအဖ တဖွဲ့လုံးလည်း အချင်းချင်း အမျက်အဤ တစေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်း၌နေသော ကြံ့ဖွတ်အပေါင်းတို့သည် အစီးအပွားကိုရှာလျှက် သက်တော်ရှည်စွာ နေကြ၍ ဤကောင်းမှုကို ထောက်ပံ့စေသတည်း။

ယခုရွေးကောက်ပွဲဝင်သော၊ နောင်ဖြစ်လတ္တံသော အမတ်မင်းအပေါင်းတို့သည်လည်း ကောင်းမှုအကျိုးကို ရစေသတည်း။ တင်ထားသမျှ မှတ်ပုံတင်ကြေးများ အမြန်ဆုံး အရင်းကျေစေသတည်း။ ကတိပေးထားသော ပြုပြင်ပြောင်းလဲရေးများ အဆင်ပြေစေသတည်း။ အရအမိကို လိုသောသူကား အရအမိ ရစေသတည်း။ ကောင်းမှုကို လိုသူကား ကောင်းမှုကို ရစေသတည်း။

ငါလည်း အလှုခံထွက်တိုင်း တရားစွဲခံရသော၊ စည်းဝေးမဲဆွယ်ချင်တိုင်း လျှောက်လွှာတင်ရသော၊ ငါးသိန်းမရှိ၍ နောက်ဆုတ်ရသော၊ လက်တွဲချင်သည့် အမတ်လောင်းမရှိ၍ တပါတီလျှင် နှစ်ယောက်တပိုင်း ၀င်ပြိုင်ရသော၊ အခွင့်ထူးခံကြံ့ဖွတ်ကို မနာလိုဖြစ်ရသော၊ ရွေးကောက်ပွဲဝင်တာချင်းအတူတူ အိမ်ဖြည့်သာသာဟု အပြောခံရသော၊ အမတ်ဖြစ်ချင်၍ သမိုင်းကွေးရသော အမတ်လောင်းမျိုး မဖြစ်မူ၍ ပိုက်ဆံချေးပြီး စည်းရုံးနိုင်သော၊ အာဏာပြပြီး စည်းရုံးနိုင်သော၊ ဘတ်ဂျက်တောင့်သော၊ ဟိုတယ်မှာတည်းပြီး စည်းရုံးနိုင်သော၊ ဌာနဆိုင်ရာမှာ မိန့်ခွန်းပြောရင်း စည်းရုံးနိုင်သော၊ ရုံးခန်းငှားခ ပူစရာမလိုသော၊ အလှုငွေထည့်ချင်သူ ပေါသော ကျေးဇူးတို့နှင့် ပြည့်စုံပြီးလျှင် ပါလီမန်၌ ကျင်လည်၍ အမတ်လောင်းဘ၀မှ အမတ်မင်းဘ၀သို့ အမြန်ဆုံး ရောက်စေသတည်း။

ငါရေးထိုးအပ်သော အမတ်လောင်းကျောက်စာကို မလိုတမာစိတ်ထား အမုန်းပွားပြီး ဆဲဆိုအံ့။ မကောင်းသောကွန်မန့်ပေးအံ့ ... အကြင်သူသည် ယခုဘ၀မှစ အရိမေတ္တယမြတ်စွာဘုရားပွင့်သည်အထိ သံသရာ၌ အမတ်မင်း မဖြစ်ရစေ။ ။

ကူညီကြသူများ....video

0 comments
မြဝတီ တိုက်ပွဲကြားမှာမြေဇာပင်ဖြစ်နေကြရတဲ့စစ်ပြေးဒုက္ခသည်များကိုကူညီကြသူများ.....

ကြည့်ဖြစ်အောင်ကြည့်ကြပါ.....

0 comments


အသက် ၂၁ နှစ်သာရှိသေးတဲ့မြန်မာမိန်းခလေးတစ်ယောက် နိင်ငံရပ်ခြားမှာ မြန်မာနိုင်ငံရဲ့အရေး
ကိုရဲရဲဝံ့ဝံ့ တင်ပြသွားပါတယ်...အားမာန်အပြည့်ခံစားချက်အပြည့်ဖြင့်အမှန်တရားကို ပြောပြသွားတဲ့အ
တွက်ကြောင့် လူအများဟာသောင်းသောင်းဖြဖြ တစ်ခဲနက်ထောက်ခံအားပေးခဲ့ပုံကိုတွေ့ရပါတယ်...

လူ့ဘဝဖြစ်ပေါ်လာပုံ video...

0 comments
facebook ထဲမှာတွေ့လို့တင်လိုက်တာပါ...
ဗဟုသုတရသလိုကြက်သီးထဖို့လည်းကောင်းပါတယ်..
ကျွန်တော်တို့အမေတွေလည်းကျွန်တော်တို့ကိုလည်းဒီလိုပဲမွေးခဲ့တာပဲဆိုပြီးမိခင်တွေအားလုံးကိုဂရုဏာ
စိတ်နဲ့ခံစားနားလည်ပေးကြပါ.....



ယောင်္ကျားဖောင်စီးမိန်းမမီးနေတဲ့...ယောင်္ကျားဖေါင်စီးတော့ဘယ်လိုနေလည်းမသိပါခင်ဗျာ..
မိန်းမမီးနေကတော့ ဗီဒီယိုမှာကြည့်ရတာ တကယ်ကိုအသက်အန္တရာယ်နဲ့နီးလှပါတယ်...ဒါကြောင့်
မိခင်တိုင်းဟာအသက်ကိုရင်းပြီးသားသမီးတွေကိုမွေးခဲ့တယ်ဆိုတာသားသမီးတွေနားလည်ဖို့လိုတယ်
လောကမှာမိခင်ကိုမိုက်ရိုင်း စော်ကားတဲ့သားသမီးတွေဟာဘယ်သောအခါမှကောင်းစားမှာမဟုတ်
တဲ့အပြင်ဘေးအန္တရာယ်ဆိုးတွေနဲ့ကြုံတွေ့ရမှာပါ...မိခင်မျက်ရည်တစက်..သားသမီးဆင်းရဲတသက်
ဆိုတာလည်းကြားဖူးကြမှာပါ...ဒါကြောင့်ကျွန်တော်အပါဝင်ကျွန်တော့်ရဲ့ဘော်ဒါသူငယ်ချင်းတွေလည်း
ကျေးဇူးရှင်မိဘတွေကိုရိုသေအလေးမြတ်ထားပြီးချိုသာယဉ်ကျေးစွာဆက်ဆံနိုင်ကြပါစေ......

က္ကတ္ထိယသဘောစောကြောဖို့မလွယ်....

0 comments

blog မှာစာမရေးတာလည်းကြာပြီ...ဒီနေ့တော့အကြောင်းတိုက်ဆိုင်လာလို့ သူငယ်ချင်းတယောက်ရဲ့
ဘဝအဖြစ်မှန်ကိုကြားပြီးအံ့ဩစွာနဲ့ရေးလိုက်တာပါ...ကျွန်တော့်သူငယ်ချင်းက အပေါင်းအသင်းအရမ်း
များတယ်..လူချစ်လူခင်လည်းပေါတယ်...သူတပါးကိုလည်းကူညီတတ်တယ်...ဒါပေမယ့်အရမ်းစိတ်တို
တတ်တယ် ဒေါသလည်းကြီးတယ်...ဒီလိုနဲ့အိမ်ထောင်ကျရော...သူနဲ့ကြိုက်ခဲ့တဲ့သူ့ချစ်သူနဲ့ပဲအိမ်ထောင်
ကျတာပါ...အိမ်ထောင်ကျပြီး ငနဲကဒေါသကြီးတတ်တော့ ခနခနစကားများးရတယ်...သူ့မိန်းမလည်းအ
ရာရာကိုသီးခံပြီးနေပါတယ်...ကိုယ့်လူကလည်းမိန်းမကိုတော်တော်နိုင်တယ်...စိတ်ကလည်းတယူသန်ဆို
တော့မိန်းမကိုရိုက်လားပုတ်လားအမြဲလုပ်တယ်....
ဒီလိုနဲ့ပဲအိမ်ထောင်သက်လေးငါးနှစ်မှာအကြီးကျယ်စကားများပြီးမိန်းမနဲ့ကွဲသွားပါ
လေရော...ကိုယ့်လူမာနကြီးလိုက်ပုံက မိန်းမအိမ်ပေါ်ကဆင်းသွားတာတောင်ပြန်လိုက်မခေါ်ပဲပစ်ထား
လိုက်တယ်...မိန်းမကလည်းနိုင်ငံခြားမှာဆိုတော့ခိုကိုးရာမဲ့ပြီးလနည်းငယ်အတွင်းမှာပဲ နောက်အိမ်
ထောင်ပြုလိုက်ပါတယ်....အဲဒီတော့မှကိုယ့်ဆရာကနောင်တတွေရပြီးငိုချင်းချရပြီပေါ့...သူတို့မှာသား
သမီးလည်းမရှိတော့ကံကောင်းသေးတာပေါ့....ဒီလိုနဲ့နဲနဲကြာလာတော့ မြန်မာပြည်ကမိဘတွေကသူ
တို့သဘောကျတဲ့စိတ်တိုင်းကျမိန်းမတယောက်နဲ့ထပ်ပြီးပေးစားကြတယ်...အောင်မယ် ငနဲကတော့ဒီ
တခါတော့မိဘစိတ်တိုင်းကျ အလိမ်မာအိမ်ပါလေးပဲဆိုပြီး မလေးရှားကနေမြန်မာပြည်ဆင်းပြီးလက်
ထပ်ပွဲဆင်နွဲလိုက်ပါတယ်.....
ဒီတခါတော့ကိုယ့်ဆရာကတော်တော်ငြိမ်သွားပါတယ်....မိဘပေးစားတာလည်းဖြစ်
ကိုယ်တိုင်ကလည်းနှစ်နဲ့ချီပြီးအထီးကျန်ခဲ့တော့အစစအရာရာသီးခံရှာပါတယ်...အရင်မိန်းမထက်လည်း
ကောင်းကောင်းမွန်မွန်ထားပါတယ်...ဘာအလုပ်မှတောင်ပေးမလုပ်ပဲ အိမ်မှာပဲခြေမွေးမီးမလောင်
လက်မွေးမီးမလောင်ထားတယ်...အဲဒီမှာစတွေ့တာပဲသူကအစစအရာရာသီးခံလေမိန်းမကသူ့ကိုနင်း
လေပါပဲ....ဒီမိန်းမကိုလက်ဖျားနဲ့တောင်မရိုက်မနှက်ပဲဆက်ဆံတာ၊ မိန်းမကနှုတ်ကြမ်းအာကြမ်းနဲ့ဆဲ
ရေးတိုင်းထွာတာတောင်သီးခံပြီးရှောင်ထွက်သွားခဲ့တယ်...အိမ်ထောင်တဆက်ကနေနှစ်ဆက်မပြောင်း
ချင်လို့ကိုယ့်လူကအရမ်းသီးခံခဲ့တယ်...ဒါနဲ့ပဲအိမ်ထောင်သက်တနှစ်ကျော်ကျော်လောက်မှာမိန်းမက
အိမ်ပေါ်ကနေမောက်မာစွာနဲ့ဆင်းသွားခဲ့ပြန်ရော....သူကတောင်းပန်ပြီးပြန်ခေါ်တာတောင် ရှင်နဲ့
ကျမဘာအကန့်မှမရှိဘူးဆိုပြီးပြန်မလာတော့ကိုယ့်ဆရာကျန်ရစ်ဖြစ်နေရပြီပေါ့.....စိုင်းထီးဆိုင်သီချင်း
ထဲကလိုနှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်ဆိုတာမျိုးဖြစ်နေရရှာပြီ......
ကွန်တော်ပြောချင်တဲ့ က္ကတ္ထိယသဘောစောကြောဖို့မလွယ် ဘူးဆိုတာတကယ်မှန်
တယ်နော်....ပထမအိမ်ထောင်တုန်းကယောင်္ကျားမကောင်းလို့.....ဒုတိယကျတော့ယောင်္ကျားအလို
လိုက်နေပါရဲ့နဲ့ကောင်းနေပါရဲ့နဲ့ဘာဖြစ်လို့ပါလိမ့်....က္ကတ္ထိယသဘောသဘာဝကို ကွန်တော့်ကိုအဓိ
ပ္ပါယ်ဖွင့်ခိုင်းမယ်ဆိုရင်တော့မတည်ငြိမ်သောသဘောသဘာဝရှိသူများ လို့ပဲကျွန်တော်အဓိပ္ပါယ်ဖွင့်
မှာပါ (ဤနေရာတွင်လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်)....ဒါနဲ့ပါတ်သက်ပြီးမဂ္ဂဇင်းထဲ
မှာဖတ်ခဲ့ဘူးတဲ့ဟာသပုံပြင်လေးတပုဒ်ကိုသတိရမိတယ်...ပုံပြင်လေးကတော့...
တခါကရွာတရွာမှာအလွန်ချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ရှိတယ်...ယောင်္ကျား
လုပ်သူကအမြဲတမ်းအကောင်းမြင်ဝါဒရှိတယ်...မိန်းမဘာလုပ်လုပ်ဘာမှအပြစ်မပြောဘူး အကောင်း
ပဲမြင်တယ်...ဒါကြောင့်သူတို့
လင်မယားဟာတခါမှရန်မဖြစ်ကြပဲအလွန်ပဲအေးချမ်းလှပါတယ်.....
ဒါပေမယ့်ဒီအခြေနေကိုမိန်းမလုပ်သူကဘဝင်မကျနိုင်အောင်ဖြစ်လို့နေတယ်...သူဘာလုပ်လုပ်သူ့
ယောင်္ကျားကအကောင်းပဲပြောနေတော့ ယောင်္ကျားအပြစ်ပြောရအောင် စကားများရအောင်လုပ်
ကြည့်ချင်လာတယ်...ဒါနဲ့တနေ့ဟင်းချက်တဲ့အခါဆားလုံးဝမထည့်ပဲချက်တယ်...ဟင်းဟာဘာအရသာ
မှမရှိပဲပေါ့ရွှတ်နေတာပေါ့....ယောင်္ကျားလာတော့ခူးခပ်ကြွေးတဲ့အခါ ပေါ့ရွှတ်နေတဲ့ဟင်းကိုတဇွန်း
ခပ်စားပြီးတော့ ပြောလိုက်ပုံက အမလေးကောင်းလိုက်တာမိန်းမရာမင်းချက်တဲ့ဟင်းကပေါ့တော့တော့
လေးနဲ့မြိန်လိုက်တာမပြောနဲ့တော့ တဲ့စကားများမဟဲ့လို့ကြိမ်းထားတဲ့မိန်းမလည်းဘာမှမတတ်နိုင်
တော့ဘူး.....ဒီလိုနဲ့နဲနဲကြာလာတော့ မိန်းမကတခါထပ်ပြီးလုပ်တယ် ဒီတခါတော့ဟင်းချက်တဲ့အခါဆား
ကိုအများကြီးငန်တူးနေအောင်ထည့်လိုက်တယ်...ယောင်္ကျားလာတဲ့အခါတဇွန်းစားပြီးတော့ ကောင်း
လိုက်တဲ့ဟင်းကွာငန်တန်တန်နဲ့ဆိမ့်နေတာပဲ...ငါတို့လိုချွေးထွက်တဲ့သူတွေအတွက်တခါတလေအငန်
လေးနဲ့စားရတာမြိန်လိုက်တာကွာလို့ပြောလိုက်တော့ မယားလုပ်သူကဘာမှပြောလို့မရတော့ပြန်ဘူး..
နောက်နဲနဲကြာလာတော့မယားလုပ်သူကဒီတခါတော့နဲနဲကြမ်းရတော့မယ်ဆိုပြီးဟင်းချို
ချက်တဲ့အခါဆံပင်တွေကိုဖြတ်ပြီးထည့်ချက်တယ်...ထမင်းစားတဲ့အခါကျတော့ယောင်္ကျားကဟင်းချို
တဇွန်းခပ်သောက်ပြီး ကောင်းလိုက်တဲ့ဆံချည်ထွေးဟင်းချိုကွာ တခါမှမသောက်ဘူးလို့လားတော့မ
သိဘူးမြိန်လိုက်တာကွာလို့ပြောပြန်သတဲ့...မိန်းမကလည်းသူ့ရဲ့အကြံကိုလက်လျှော့လိုက်ရတော့တယ်..
ဒါဟာ ဟာသအနေနဲ့ရေးထားတဲ့ပုံပြင်လေးဖြစ်ပေမယ့်..ကျွန်တော်တို့ဘာသိရသလည်းဆိုတော့....
မိန်းမဆိုတဲ့သဘောသဘာဝဟာ အကောင်းကြီးပဲဖြစ်တည်နေလျှင်အဆိုးကိုလည်းတောင့်
တတတ်သလို အဆိုးကြီးပဲဖြစ်တည်နေလျှင်လည်းအကောင်းကိုမျှော်လင့်တတ်ကြတယ်.....ဒါကြောင့်
က္ကတ္ထိယတို့သဘောစောကြောဖို့မလွယ်ဘူးလို့ပြောလိုက်ပါတယ်....
ရွှေညီအစ်ကိုမောင်နှမများ တစ်ဦးပေါ်တစ်ဦးနားလည်မှုများနဲ့ ခိုင်မြဲတဲ့၊ အေးချမ်း
သာယာတဲ့ အိမ်ထောင်ရေးဘဝများရရှိပိုင်ဆိုင်နိုင်ကြပါစေ........

(မှတ်ချက်။ ။မိန်းမများအားစော်ကားလိုခြင်းအလျှင်းမရှိပါ...သဘောသဘာဝကိုသာဆိုလိုခြင်းဖြစ်၏)



ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ? .....

0 comments

လောကတွင်အဖိုးအတန်ဆုံးနှင့်အလကားရသောအရာသည်အချိန်ပဲဖြစ်ပါသည်...
အလားရထားသော
အချိန်ကိုအလဟသမဖြုန်းတီးပါနှင့်..
.ရှေးလူကြီးများပြောခဲ့သောစကားဖြစ်ပါသည်...အချိန်ဆိုတဲ့အတိုင်းအတာ
တခုအတွင်းမှာ ဘာမဆိုလုပ်၍ဖြစ်နိုင်၏....ပြောင်းလဲမှုအားလုံးတို့ရဲ့အစဟာအချိန်ပင်ဖြစ်၏...
သက်တမ်းတိုတောင်းလှသောကျွန်တော်တို့၏ဘဝတွင်လုပ်စရာတွေကများနေ၍အချိန်ကနည်းပါးလွန်း
လှသည်...ထိုနည်းပါးလွန်းသောအချိန်များကိုပင် မိသသားစုအတွက်လည်းပေးချင်၏...မိတ်ဆွေသူငယ်ချင်းများ
အတွက်လည်းပေးချင်၏....မိမိလုပ်စရာရှိသောလုပ်ချင်သော
အလုပ်များကိုလည်းမသေခင်လုပ်ချင်သေး၏...

မေးခွန်းထုတ်ရလျှင်ကျွန်တော်တို့သည်မိမိ၏အိမ်မက်များကိုဘယ်နှစ်ခုများအကောင်ထည်ဖေါ်ခဲ့ပြီးပါသလဲ?
ဆန္ဒနှင့်လက်တွေ့တထပ်ထဲကျရန်မှာလွယ်ကူသောအလုပ်မဟုပ်ပါ...တစ်ချို့သောသူများ
အကြောင်းကိုဆောင်း
ပါးများတွင်ဖတ်ဘူးသည်...မိမိလုပ်ချင်သည်များကို မှတ်တမ်းတင်ထားပြီးဘဝတလျှောက်လုံးစိုက်စိုက်မတ်မတ်
လုပ်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုရခဲ့၏....အားကျဖို့ကောင်းပါသည်...အချို့သောသူများသည်ဘဝကိုရောင့်
ရဲတင်းတိမ်နိုင်ကြသည်...ကျွန်တော့်မိတ်ဆွေတယောက်ဆိုလျှင် ကင်မရာတလုံးဖြင့်ပန်းပွင့်ကလေးများလိပ်ပြာ
ကလေးများကိုဓါတ်ပုံလိုက်ရိုက်ပြီးဘဝကိုကျေနပ်စွာဖြတ်သန်းနေသည်ကိုတွေ့ဘူးသည်.....
ဒါကြောင့်အဖိုးတန်
သောအချိန်၊ အစားပြန်၍မရနိုင်သောအချိန်ကို တန်ဖိုးရှိစွာအသုံးချကြပါ.....
အချိန်နှင့်ပါတ်သက်၍ စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်ကိုဖတ်ရ၏....ဖတ်ပြီးတဲ့နောက်ပြန်လည်ဝေငှချင်
လာ၏....ပုံပြင်လေးကတော့.....
တခါကသက္ကသိုလ်တခုမှာ စီးပွားရေးလေ့လာနေသောကျောင်းသားများကို ကျွမ်းကျင်
သူတဦးကအချိန်ကိုစီမံခန့်ခွဲမှုနှင့်ပါတ်သက်၍သင်ကြားပို့ချနေ၏....ဆရာကကျောင်းသားများမမေ့ရအောင်ဥပ
မာပြ၍ရှင်းပြ၏...ဆရာသည်ရေဖန်ချိုင့်တခုယူလာပြီးစားပွဲပေါ်တွင်ချသည်...ထို့နောက်လက်သီးဆုပ်အရွယ်ခန့်
ကျောက်တုံးများကိုစနစ်တကျစီ၍ဖန်ချိုင့်ထဲထည့်သည်....ကျောင်းသားများကဘာလုပ်မှန်းမသိ၍ငြိမ်ပြီးကြည့်
နေ၏....ဖန်ချိုင့်ထဲတွင်ကျောက်တုံးများထည့်၍မရတော့လောက်အောင်ပြည့်သွားသောအခါ ဆရာကကျောင်းသားများကိုမေးလိုက်သည်"ဖန်ချိုင့်ထဲမှာပြည့်သွားပြီလား" ကျောင်းသားများက "ဟုတ်ကဲ့ ပြည့်ပါပြီ" ဟုတညီတညာထဲဖြေကြသည်....ဆရာက "ဟုတ်ရဲ့လား" ဟုပြန်မေးပြီးကျောက်စရစ်တုံးငယ်များထည့်ထားသောအိပ်တအိပ်ကိုဆွဲထုပ်လာသည်...
ထို့နောက်ကျောက်တုံးကြီးများကြားလပ်နေသောနေရာများကြားထဲတွင်ကျောက်

ရစ်ခဲငယ်များကိုလောင်းချသည်...ထိုလစ်ဟာနေသောနေရာများတွင်ကျောက်စရစ်ခဲငယ်များ
ဖြင့်ပြည့်သွားပြန်
သည်...ထို့နောက်ဖန်ချိုင့်ပြည့်ပြီလားဟုကျောင်းသားများကိုမေးလိုက်ရာ
ကျောင်းသားတဦးကမဝန့်မရဲဖြင့်“အင်း
မဟုတ်နိုင်သေးဘူး”ဟုပြန်ဖြေသည်.....
“ကောင်းပြီ”ဟုဆရာကပြောလိုက်ပြီး သဲအိပ်တစ်အိပ်ဆွဲထုတ်လာပြန်
သည်...ကျောက်ခဲငယ်များဖြင့်ပြည့်လွတ်နေသော
နေရာများကြားသို့သဲမှုန်များကိုထပ်၍ဖြည့်ပြန်သည်...ကြားရှိ

လစ်ဟာနေသောနေရာများတွင်သဲမှုန်များထပ်၍ထပ်၍ဝင်သွားပြန်သည်...ဆရာက
ထပ်မေးပြန်သည်“ဖန်ချိင့်
ပြည့်ပြီလား”ကျောင်းသားများက “မပြည့်သေးပါဘူး” ဟုပြောသည်...ဆရာကပြောပြောဆိုဆိုရေတစ်ဖန်ချိုင့်
ဆွဲထုတ်လာ၍ထိုကျောက်ခဲများကြားသို့လောင်းချလိုက်ပြန်သည်...ရေများဖန်ချိုင့်နှုတ်ခမ်းနားအထိပြည့်လျှံသွား
လေသည်...ထိုအခါမှဆရာကကျောင်းသားများကိုကြည့်လိုက်ရင်းမေးလေ၏“ဒီသင်ခန်းစာကမင်းတို့ဘာလေ့
လာရသလဲ”ကျောင်းသားတစ်ဦးကလက်ထောင်ပြရင်း“ဆရာပြောချင်တဲ့အချက်ကကျွန်တော်တို့အချိန်ဇယား
ထဲမှာဘယ်လောက်ပဲမအားတဲ့ကြားထဲက သေသေချာချာရှာရင်အချိန်တွေထပ်ရနိုင်တယ် ကျွန်တော်တို့အချိန်တွေထပ်ဖန်တီးနိုင်တယ်ဆိုတဲ့အချက်ပဲမဟုတ်လားဆရာ” “မဟုတ်သေးဘူး”ဟုဆရာကဖြေသည်....ဒီအခုသင်ခန်းစာမှာပေးချင်တဲ့အချက်က အကြီးဆုံးကျောက်တုံးတွေကိုအရင်မထည့်ဘူးဆိုရင်ကျွန်တော်တို့ဒီလောက်များ
များထပ်ထပ်ထည့်လို့မရနိုင်ဘူးဆိုတဲ့အချက်ပဲ...ကျွန်တော်တို့အသေးအဖွဲတွေနဲ့အလုပ်ရှုပ်နေလို့မရဘူး...
ကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလည်း”......
ကျွန်တော်တို့ခလေးတွေလား...ကျွန်တော်တို့အချစ်ရဆုံးအိမ်သူလား....ပညာရေးအိမ်မက်
အဖိုးတန်တဲ့မိမိရဲ့အရေး...လှုပ်ရှားမှု...ကျမ်းမာရေး....မိမိဝါသနာပါရာကိုလုပ်နေရမှု....အခြားသူတွေအတွက်
ပရဟိတစသည်ဖြင့်ရှိမယ်...အားလုံးသတိ့ကြဖို့ကအရေးကြီးတဲ့ကျောက်တုံးတွေအရင်ထည့်ရမယ်...မထည့်ရင်
ကျွန်တော်တို့ဘာမှထပ်ထည့်လို့မရနိုင်တော့ဘူး...ကျွန်တော်တို့ဘဝတိုတိုမှာအချိန်ကိုဘယ်လိုမှအကျိုးရှိရှိလုပ်
နိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့်ကိုယ့်ကို ကိုမေးခွန်းပြန်ထုတ်ပါ...
{အားလုံးတစ်ဦးချင်းဆီရဲ့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ}
အချိန်ကိုတန်ဖိုးရှိစွာအသုံးချနိုင်ကြပါစေ
(ရာမညသားေ
လး-malaysia)