Introduction

ဟာသများ

မြန်မာ blogger site များနဲ့ မြန်မာ website များမှဟာသများကိုမျှဝေခံစားကြနိုင်ပါတယ်......
_______________________________________________________________________
တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။
တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´

______________________________________________________________________________
ကိုချက်ကြီး ကယ်ပါလိမ့်မယ်
လောကမှာ အမှတ်မထင်တာတွေလည်း ဖြစ်လာတတ်တဲ့ သဘောရှိတယ်။ ဒါတွေကို စိတ်သက်သာ ရရာရကြောင်း အားပေးစကားတစ်ခွန်းကတော့ “ကိုချက်ကြီး ကယ်ပါလိမ့်မယ်”လို့ ပြောစမှတ်ပြုကြတဲ့ ဖြစ်ရပ်တစ်ခု သရက်ရိုးရွာ မှာဖြစ်ခဲ့ဘူး ပါတယ်။
ရွှာဦးကျောင်းမှာ ဆရာတော်ကြီးနဲ့အတူ ဦးဇင်ကြီး ဦးဝါယမနဲ့ ကိုရင်သုံးပါး သီးတင်းသုံး နေထိုင်ကြပါတယ်။ ဦးဇင်းကြီး ကိုတော့ လူ့ဘ၀ နာမည် အတိုင်း “ဦးဝကြီး” လို့ပဲ ခေါ်ကြတယ်။ ဆရာတော်ကြီးနဲ့ တူဝရီးတော်သူပါ။ တရားစခန်းမှာ ဒုလ္လဘမဲပေါက်လို့ သင်္ကန်းစီးဖြစ်သွားတဲ့ တောထွက်ကြီးပါ။ သားသမီး တွေကလည်း အဝေးမှာမို့ ဆရာတော်ကြီးက လူမထွက်နဲ့လို့ တားတာနဲ့ ငါးဝါတောင်ရနေပါပြီ။ အသက်တော့ ငါးဆယ်ကျော်ပေါ့။ ငယ်စဉ်က ဘုန်းကြီးကျောင်းမှာ နေခဲ့ရလို့ ပရိတ်ကြီး ၁၁ သုတ်၊ သီလပေး၊ ရေစက်ချ တရားတွေကို အလွတ်ရ နေပါတယ်။ ပရိတ်သတ်ရှေ့ရောက်ရင် မေ့တတ်လို့ ဦးဇင်းကြီးကို သီလပေးတာတို့ တရားဟောတာတို့ မခိုင်း ပါဘူး။ ကျောင်းရဲ့ဝေယျာဝေစ္စကိုတော့ ဆရာတော် ပြန်ကြည့်စရာ မလိုအောင် ဆောင်ရွက် ပေးပါတယ်။
တစ်နေ့တော့ ဆရာတော်ကြီး အလှူကိစ္စနဲ့ မြို့ကိုကြွသွားတယ်။ တစ်ညအိပ်ပါ။ အဲ့ဒီညမှာ ရွာက ကိုငှက်ရိုးရဲ့သား ခြောက်လသား ဆုံးပါတယ် ညနေ ၆ နာရီ လောက်ဆိုတော့ ရပ်ရွာဓလေ့ ထုံးစံအရ ကလေး အသုဘကို ကျောပူအောင် မထားရလေတော့ ချက်ချင်း စီမံကြရတာပေါ့။ ကျောင်းကို ဘုန်းကြီး သွားပင့်တဲ့အခါ ဆရာတော်ကြီး မရှိတာနဲ့ ဦးဇင်းဝကြီးပဲ လိုက်လာရတယ်။ ပရိတ်သိပ်မရှိပါဘူးလို့ တောင်း တောင်းပန်ပန် နဲ့ပင့်ရတာ။
သုဿာန်ဇရပ်ပေါ်လို့ သီလပေးတဲ့အခါမှာတော့ ရှောရှောရှူရှူ။ အဲရေစက်ချ အမျှဝေတဲ့အခါမှာတော့ ဘယ်လို ဖြစ်လာသလဲမသိဘူး၊ အဆုံးသတ်လို့ မရနိုင်အောင် လည်နေတယ်။ အချိန်ကလည်း မှောင်ရီ ပျိုးစဖြစ်လာပြီ။ ဦးဇင်းကြီးမှာ လည်းသူ့တရားကို အဆုံးမသတ်နိုင်လို့ ချွေးပြန်နေပြီ။ ဒီမှာ တင်တရားနာ ပရိတ်သတ်ထဲက ကိုချက်ကြီးဆိုသူ ကထပြီး … “ဦးဇင်းဝကြီးရဲ့ ရေစက်ချ တရားနားလည် နေပါသဖြင့် အဆုံး သတ်လို့ မရနိုင် ဖြစ်နေပါတယ်၊ ကျွန်တော်ကပဲ့ အဆုံးသတ်ပေး လိုက်ပါတယ်၊ ကဲ ….. ကဲ …… အားလုံး အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့ “
လို့ထပြီး ပြောလိုက်တယ်၊ အားလုံးက “သာဓု … သာဓု … သာဓု” သုံးကြိမ်ဆို လိုက်ကြပြီး အဆုံးသတ်သွား တယ်။ အဲ့ဒီတော့မှ ဦးဇင်းဝကြီးရဲ့ ရင်ထဲက အလုံးကြီးလည်း ကျသွားတော့တယ်။
“ဒကာချက်ကြီးတို့ကတော့ တော်ချက်ကွာ၊ မင်းဝင်ကယ်လို့ပေါ့ကွာ၊ နို့မဟုတ်ရင် ငါ့တရားကို ဘယ်လို ချရမှန်း(ဆုံးရမှန်း) မသိတော့ဘူးလို့ ” မိန့်လိုက်တဲ့အခါ ပရိတ်သတ်တွေလည်း ငိုအားထက် ရယ်အား သန် ဖြစ်ကြရတယ်။
အဲဒီအကြောင်းကို ရွာထဲမှာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန်သွားပါလေရော။ တစ်ဦးတစ်ယောက်မှာ အခက်အခဲ အကျပ်အတည်း ကြုံလာကြတဲ့အခါ သိပ်ပြီး စိတ်ပူပန်မှုမဖြစ်ဘို့ ဖြေရှင်းနိုင်မယ့် အခြေအနေမျိုး ဖြစ် လာပါလိမ့်မယ်။ အားပေးစကား ပြောကြတဲ့အခါ ဦးဇင်းဝကြီးရဲ့ ဖြစ်ရပ်ကို နမူနာပေးပြီး “ကိုချက်ကြီး ကယ်ပါ လိမ့်မယ်ကွာ” ဆိုတဲ့ အားပေးစကား တစ်ခွန်းတော့ သရက်ရိုးရွာမှာ ပြောစမှတ် ဖြစ်နေပါတယ်။
_________________________________________________________________________________

ဦးလေး အမြည်းနော် 

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။

ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ၀ါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖ၀ါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။
_________________________________________________________________________________

အားလုံးလွတ်ကုန်ပြီ 

အင်းစိန် သီးသန့်ထောင်မှာနေတုန်းက အဖြစ်အပျက်တခုပါ၊ အဲဒီမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်း တယောက် က ကျနော်တို့ ၁ တိုက်မှာ တာဝန်လာကျပါတယ်၊ ရောက်စဆိုတော့ တယောက်နဲ့ တယောက် စိမ်းနေကြတာပေါ့။

၂ ရက် ၃ ရက်လောက်နေတော့၊ ကျနော့်အခန်းရှေ့ကိုလာပြီး အဲဒီဝန်ထမ်းက စကားလာပြောတယ်။

hartha_20.03.10
အဲဒီတော့ ကျနော်က နာမည်ဘယ်လိုခေါ်သလဲဆိုတော့“လေလွင့်”တဲ့။ ကျနော်က မဟုတ်ဘူး၊ နာမည်အရင်း ကိုမေးတာ ဆိုတော့ အမေပေးကတည်းက လေလွင့်ပဲတဲ့။ မှတ်ပုံတင်ထုတ်ပြတယ်။ မောင်လေလွင့်။ ၀န်ထမ်း ကတ်ထုတ်ပြတယ်။ တပ်သားလေလွင့်။

မြတ်စွာဘုရား ဘယ်လိုမိဘတွေကပဲ ပေးထားတဲ့နာမည်လည်းမသိ။

လေလွင့်ဟာ လေလွင့်ဆိုတဲ့နာမည်နဲ့တော့ တော်တော်လိုက်တယ်။ အဆောင်တဆောင်မှာ ၁၅ ရက်ထက် ပိုပြီး တာဝန် မထမ်းဆောင်ရဘူး။ ပြဿနာတခုခုတက်ပြီး အဆောင်ပြောင်းအပြစ်ပေး ခံရတာပဲ။

ဘာပြဿနာရှာသလဲ မမေးနဲ့ မနက်မိုးလင်းကနေ မိုးချုပ်အထိ တချိန်လုံးမူးနေတယ်။ သူမူးလာရင် အမြဲတမ်းဆို နေကျ သီချင်း တပုဒ်ရှိတယ်။ “ကျောက်တူးသမား” သီချင်းကို ဖျက်ဆိုထားတဲ့ သီချင်း။

“ဟိုတိုက်မရရင် ဒီတိုက်...၊ ဟိုအခန်းမရ ရင် ဒီအခန်း...၊ အခန်းပေါင်း တထောင် စုံအောင်တောင်းမယ့် ၀န်ထမ်းလေးတွေပါ...”

အကျဉ်းဦ်းစီးဝန်ထမ်းတွေဟာ ကျနော်တို့ထောင်ကျတွေဆီက ထမင်းစားဖို့ ငါးပိကြော်၊ ငါးခြောက်ကြော် အဲဒါမျိုး တွေ လိုက်တောင်းတာကို အဓိပ္ပာယ်ရတဲ့ အဲဒီသီချင်းကို အမြဲတမ်း ဆိုနေတတ်တယ်။

ဆိုတာကလည်း တိုးတိုးလေးမဟုတ်ဘူး။ တတိုက်လုံးကြားအောင် အော်ဆိုနေတာ။ တရက် သူ ညပိုင်း ဂျုတီ ကျ လို့ ညနေ ၆ နာရီလောက် ထောင်ထဲကို ၀င်လာတယ်။ အဲဒီနေ့က သူတော်တော် မူးလာတယ်။ ထုံးစံအတိုင်း သူ ဆိုနေကျ သီချင်းနဲ့ပဲ၊ ၀င်လာပြီး ကျနော့်အခန်းဆီကို တန်းလာတယ်။ ကျနော့်ကိုတော့ သူတော်တော်ခင်တယ်။

အခန်းရှေ့ရောက်တော့ သူ့အိတ်ကပ်ထဲက လန်ဒန် ဆေးလိပ်၂ လိပ်ထုတ်ပေးတယ်။ ပြီးတော့ ဘာပြောသလဲ ဆိုတော့ “ငါးသလောက် ဟင်းလေး ဘာလေး မစားချင်ဘူးလား” တဲ့။

ကျနော်ကလည်း“ဘယ်လိုပြောလိုက်တာလဲ ကိုလေလွင့်ရယ်၊ ထောင်ထဲမှာ ၃နှစ်ကျော်နေပြီ စားချင်တာပေါ့ဗျာ” လို့ ပြောလိုက်တယ်ဆိုရင်ပဲ၊ သူ့ရဲ့ညာဘက်ဘောင်းဘီအိတ်ထဲကို လက်နှိုက်ပြီး ဆွဲထုတ်လိုက်တဲ့အခါ တတောင် လောက်ရှိတဲ့ ငါးသလောက်ကြီးတကောင်။

“အဲဒါကို ဟင်းချက်လိုက် ထောင်မှူးမိရင် ကျနော်ချက်ခိုင်းတာလို့ပြော”ဆိုပြီး သူ ထွက်သွားတယ်။

ထောင်ထဲမှာက မီးမွှေးခွင့်မရှိဘူး။ မီးမွှေးတာမိရင် ဒေါက်ခြေချင်းခတ် ပြစ်ဒါဏ်ပဲ။ အဲဒါကြောင့် လေလွင့်က သူချက်ခိုင်းတာလို့ ပြောခိုင်းတာ။ အဲဒီလို လေလွင့်။

ဒီလိုနဲ့ ည ၈ နာရီလောက် သူပြန်ရောက်လာတော့၊ သူတော်တော်မူးနေပြီ။ ခြေလှမ်းတောင် သိပ်မမှန်တော့ဘူး။

“ကျနော် ထမင်းမစားနိုင်တော့ဘူး။ အရမ်းမူးနေပြီ”ဆိုပြီး ကျနော့်အခန်းရှေ့မှာတင် သူထိုင်ရက်ကြီး အိပ်ပျော် သွားတယ်။

ဒီလိုနဲ့ ည ၁ နာရီလောက် ရှိမယ်ထင်တယ်။ ကျနော်တို့ ရှေ့၂ တိုက်ကို အော်မေးသံကြားရတယ်။

“၂ တိုက်ဝန်ထမ်း သတင်းပို့”

“၂ တိုက် အကျဉ်းသားဦးရေ ၆၀ အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး”

ကျနော်လည်း ခေါင်းကြီးသွားတယ်။ ထောင်ပိုင်ကြီးကိုယ်တိုင် ရှောင်တခင် ၀င်စစ်နေတာ။ ထောင်မှာက သတင်း ပို့ ဆိုရင် တာဝန်ကျတဲ့ဝန်ထမ်းက “အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး” ဆိုပြီး ပြန်အော်ရတယ်။

အဲဒါနဲ့ “ကိုလေလွင့် ကိုလေလွင့် ထ ထ ထောင်ပိုင်ကြီးကိုယ်တိုင် ၀င်စစ်နေတယ်”လို့နှိုးပေမယ့် လေလွင့်ကတော့ တအီအီလုပ်နေတုန်းပဲ။

ကျနော်ကလည်း သူ့ကျောကို အတင်းတွန်းရင်း “ဟေ့လူ ထ ထ ပြဿနာတက် တော့မယ်”လို့ ပြောနေတုန်းမှာပဲ ထောင်ပိုင်ကြီးဆီက အသံထွက်လာတယ်။

“၁ တိုက်ဝန်ထမ်း သတင်းပို့”

တထောင်လုံးအပ်ကျသံတောင် မကြားရ ဘူး။ လေလွင့်ကလည်း မနိုးဘူး။

ထောင်ပိုင်ကြီးဆီက နောက်ထပ် အသံထွက်လာတယ်။

“ဟေ့ ၁ တိုက်က ခွေးမသားဝန်ထမ်း အိပ်နေသလား သတင်းပို့”လို့ အော်သံအပြီးမှာတော့။

လေလွင့်လည်း ရုတ်တရက် နိုးလာပြီး အလန့်တကြားနဲ့ -

“ ၁ တိုက် အကျဉ်းသားဦးရေ ၇၅ ယောက်၊ အားလုံးလွတ်ကုန်ပြီ ထောင်ပိုင်ကြီး”လို့

အကျယ်ကြီး ထအော်လိုက်ပါတော့တယ်။  ။
______________________________________________________________________________
လယ်သမားနဲ့ ဂြိုလ်သား
တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို “ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။
သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်”

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး ” ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့ သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး လစ်တော့တာပဲ”
____________________________________________________________________
သူဌေးနဲ့နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို စေလွှတ်လိုက်သည်။

ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။
သူဌေးကြီးကစာကိုယူလိုက်သည်။

စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။

“ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
“အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
___________________________________________________________________________
စိုးရိမ်စရာမဟုတ်ပါ

ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။
လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများက လှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက် စိုးရိမ်လာသည်။

လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ် မောနေနိုင်သည့်အ ပြင် အခြားသူများကိုလည်း မစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။

“မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´
သူကပြောသည်။
“ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာ ကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´
___________________________________________________________________________
ခြေခြောက်ချောင်းအပြေး

တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့် ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။
အရာရှိကြီးကခြေမြန်တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်
အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။

သို့သော်.. အထောက်တော်ကမူ
အရေးကြီးကိစ္စဖြင့်အလျင်အမြန်သွားရမည့်ခရီးလမ်း တွင် မြင်းကိုမစီးဘဲ
လမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။

“ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´
မြင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက်ကသူ့ကိုမေးသည်။
“ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´
အထောက်တော်က သူ့အတွေးဖြင့် သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။
____________________________________________________________________________
သတ္တိရှိပါတယ်

စစ်အရာရှိကြီးသည် စစ်သားမှားနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။
စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။

မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။
စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။ မည့်သူကိုမှမမြင်ရချေ။
သို့နှင့်ကြားအောင်အော်ပြောသည်။

“ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
“ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင် ခေါင်းတစ်လုံး ပြူထွက်လာသည်။
ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။
_______________________________________________________________________
ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက `လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်း ချီးကျူးကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။

စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက် ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
“ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ
စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။
မီးကိုပြန်ဖွင့်လိုက်သည်….
ငွေဖလားကြီးမရှိတော့။
___________________________________________________________________________
မျက်မှန်ဆန်း

မျက်မှန်ဆိုင်တွင်ဖြစ်သည်။
လူတစ်ယောက်သည် ဒေါ်လာ ၁ဝဝဝ- မျက်မှန် တစ်ခုကို မြင်လိုက်ရာ
အထူးစိတ်ဝင်စားသွားသည်။ သို့ဖြင့် မျက်မှန်ကို တောင်းကြည့်သည်။ ထို့နောက်
တပ်ကြည့်လိုက်သည်။ ထိုအခါ မိမိပတ်ဝန်းကျင်မှ လူအားလုံး
အဝတ်အစားကင်းနေကြသည်ကို ¤င်းအံ့သြစွာ တွေ့လိုက်ရသည်။
ဆန်းပြားလှသဖြင့် ဈေးပင်ကြီးသော်လည်း ထိုမျက်မှန်ကို ¤င်းဝယ်လိုက်သည်။
မျက်မှန်ကို တပ်ကာ ¤င်းအိမ်သို့ ကတိုက်ကရိုက် ပြန်ပြေးသွားသည်။ အခန်းထဲသို့
ဝင်လိုက်သောအခါ မိမိ၏ဇနီးနှင့် မိမိ၏ အချစ်ဆုံး သူငယ်ချင်းတို့ မည်သူမျှ
အဝတ်မပါပဲ ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
မျက်မှန်ကြောင့်ဖြစ်မှာပဲဟု တွေးမိကာ မျက်မှန်ကို ချွတ်လိုက်သည်။
သို့သော်လည်း ဇနီးနှင့် သူငယ်ချင်းတို့ အဝတ်မပါဘဲ ထိုင်နေဆဲ ဖြစ်သည်ကို
တွေ့ရသည်။ နောက်တစ်ခါ မျက်မှန်ကို တပ်ကြည့်ပြန်သည်။ မြင်းကွင်းမှာ
ယခင်ကအတိုင်း ဖြစ်နေလေသည်။
"ဒီလိုဖြစ်မယ် ထင်သားပဲ" ဟု မကျေမချမ်းနှင့် ၄င်း ညည်းတွားလိုက်သည်။
"မင်းတို့ပဲ စဉ်းစားကြည့် ၊ လွန်ခဲ့တဲ့ မိနစ် ၂ဝ- ကပဲ ဒီမျက်မှန်ကို ဈေးကြီးပေးပြီး
ဝယ်ခဲ့တယ်။ အခု ပျက်သွားပြီ"
ဟု ဆိုဖာပေါ်ထိုင်နေသူတို့ကို လှမ်းပြောလိုက်သည်။
 __________________________________________________________________
တော်သေးတာပေါ့

ဟိုတယ်တွင်ဖြစ်သည်။ မိမိဘေးကုတင်တွင် အိပ်နေသော ဂျွန်ကို ဂျက်က
လှုပ်နိုးသည်။
"ဟေ့ကောင် ထ။ ခေါင်းအုံးပေါ် ခြေထောက်တင်ပြီး မင်းအိပ်နေပါလားကွ"
"ဟုတ်လား၊ ဒီလိုဆို တော်သေးတာပေါ့။ တစ်ညလုံး ငါ ခေါင်းကိုယ်တယ်လို့
ထင်နေတာကွ။ အခုတော့ ခေါင်းမဟုတ်ဘဲ ခြေထောက်ကိုက်တာကိုး"

__________________________________________________________________

မမှန်မကန် သက်သေထွက်ဆိုမှ

တရားရုံးတွင်ဖြစ်သည်။
"တရားခံပြသက်သေ၊ မမှန်မကန် သက်သေထွက်ရင် ခင်ဗျားကို ဘာက
စောင့်ကြိုနေမယ်ဆိုတာ သိတယ်နော်"
"သိပါတယ်။ အက်စ်အီးတစ်စီးရမှာ ဖြစ်ပါတယ်"

________________________________________________________________________

ခေါင်းကောင်းရင် အထောင်းခံရသက်သာတယ်

နိုင်ငံစုံ တပ်ဖွဲ့တစ်ခုတွင် ဖြစ်သည်။ အထက်အမိန့် မနာခံမှုဖြင့် အီတလီစစ်သား၊
ပိုလန်စစ်သားနှင့် အစ္စရေး(ဂျူး) စစ်သားသုံးဦးကို ကြိမ်ဒဏ်ခက်ရန် တပ်ခွဲမှူးက
ဆုံးဖြတ်လိုက်သည်။
"ကျွန်တော့ကို သိတ်ရက်စက်တယ်လို့ မယူဆကြနဲ့။ ခင်ဗျားတို့ကို ကြိမ်လုံးနဲ့
မရိုက်ခင် ကိုယ့်ကျောကို ကြိုက်တာနဲ့ ကာကွယ်ခွင့် ပြုမယ်"
အီတလီစစ်သားသည် မိမိ၏ ကျောကို သံလွင်ဆီနှင့် လိမ်းလိုက်သည်။
တကယ်ရိုက်သောအခါ အထွေအထူး နာကျင်ခြင်း မဖြစ်ချေ။
ပိုလန်စစ်သားအလှည့်သို့ ရောက်သည်။
"ဗိုလ်ကြီးခင်ဗျား၊ ကျွန်တော်က ကျွဲလို မာတဲ့အကောင်၊ ဒါကြောင့် ဘယ်လိုပဲ
ရိုက်ရိုက်ဂရုမစိုက်ပါဘူး"
သို့ဖြင့် ၄င်းအား ကြိမ်လုံးနှင့် အကြိမ်ကြိမ်ရိုက်သည်။ ပြီးသောအခါ
ပိုလန်စစ်သားသည် ဘာမှမဖြစ်သလို ထထိုင်လိုက်သည်။
ဂျူးအလှည့် ရောက်လာသည်။
"ကိုင်း၊ မင်းရဲ့ကျောကို ဘာနဲ့ ကာကွယ်မလဲ"
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ရဲ့ ကျောပေါ်မှာ ဟိုပိုလန်စစ်သားကို
တင်ထားပေးပါခင်ဗျာ"

_________________________________________________________________________

သေရွာသွားလဲ အတူတူ

ဂျူးလူမျိုး သန်းကြွယ်သူဋ္ဌေးကွယ်လွန်သွားရာ မိမိပိုင်ငွေများ အားလုံးကို မိမိ၏
ခေါင်းထဲထည့်ကာ မြှပ်ရန် သေတမ်းစာ ရေးထားခဲ့သည့် အတိုင်း ဆွေမျိုးများက
၎င်းပိုင်ငွေများကို အခေါင်းထဲ ထည့်သည်။ ငွေစက္ကူများလွန်းသဖြင့် အခေါင်းထဲသို့
မည်သို့မျှ မထည့်နိုင်ဘဲ ဖြစ်နေသည်။ ဤတွင် လမ်းလျှောက်လာသော ရဟူဒီ
တရားဟောဆရာက အကြောင်းရင်းကို မေးသည်။ ရှင်းပြသည်ကို
နားထောင်ပြီးသောအခါ ၄င်းက အောက်ပါအတိုင်း အကြံပေးသည်။
"ခင်ဗျားတို့တတွေ ဘာဖြစ်လို့ ဒီလောက်တောင် ဒုက္ခခံနေကြတာလဲ။ သူ့ကို
ချက်လက်မှတ် ရေးပေးလိုက်ရင် ပြီးတာတဲ့ ဥစ္စာ" ဟူ၍ဖြစ်သည်။

_________________________________________________________________________

အရက်သစ်

ဒီဂရီ ၂ဝဝ- အထိပြင်းသော အရက်တစ်မျိုးကို တည်ထွင်လိုက်ပြီးနောက်
မြည်းသောက်ကြည့်ရန် အင်္ဂလိပ်လူမျိုးတစ်ဦးကို တစ်ခွက်ပေးလိုက်သည်။
သောက်ပြီး ချက်ချင်း အင်္ဂလိပ်သေသွားသည်။ ပြစ်သစ်လူမျိုးကို စမ်းသောက်ရန်
ပေးလိုက်ကြပြန်သည်။ ပြစ်သစ်လည်း တစ်မိနစ်သာ ခံသည်။ ထို့နောက်
ရုရှားကြီးတစ်ဦးကို စမ်းသောက်ခိုင်းသည်။ အရက် အပြည့်ထည့်ထားသော
ပုဂံလုံးကို ရုရှားကြီး တစ်ကြိုက်ထဲ မော့ချလိုက်သည်။ နှုတ်ခမ်းကို လက်ဖြင့်
၎င်းသပ်လိုက်ပြီး မကျေမချမ်း ပြောသည်။
"တောက် မိုက်ရိုင်းလိုက်တဲ့ကောင်တွေ၊ အသစ်ထွင်ကာစ ရှိသေးတယ်၊
ရေရောလိုက်ကြပြန်ပြီ"

_______________________________________________________________________

မသိတာချင်း အတူတူ

ကျောင်းဆရာမက ကျောင်းသားကို မေးသည်။
"ဆိုကြပါစို့။ ငါက မင်းအဖေကို ရူဘယ်ငွေ တစ်ထောင် ချေးလိုက်တယ်။
တစ်လကို ရူဘယ် ၁ဝဝ ပြန်ဆပ်မယ်လို့ သူ ကတိပေးတယ်။ ခြောက်လ
ကြာတဲ့အခါမှာ သူငါ့ကို ဘယ်လောက်ပေးစရာ ကျန်မယ် ထင်သလဲ"
"ရူဘယ်တစ်ထောင်ပါ"
"ဟေ့ မင်းဟာ ရှစ်တန်းရောက်နေတာတောင် သင်္ချာရဲ့ အခြေခံတွေကို
မသိသေးပါလား"
"ဆရာလဲ ကျွန်တော့အဖေ အကြောင်းကို မသိပါဘူး"

__________________________________________________________________________

ထူးခြားတဲ့ လင်မယား

"ကျွန်မတို့ အိမ်ထောင်သက် ဆယ်နှစ်ရှိပြီ။ တစ်ခါတည်းပဲ နှစ်ယောက်အတူတူ
အိမ်ထဲက အိမ်ပြင်ထွက်ဖူးတယ်"
"ရုပ်ရှင် သွားကြည့်တာလား"
"မဟုတ်ဘူး။ အိမ်ကို မီးလောင်လို့"

__________________________________________________________________________

အတွေ့အကြုံရှိပြီးသား

တတိယတန်း 'အေ' မှ ချာတိတ်များက တတိယတန်း 'ဘီ'မှ
ချာတိတ်မကလေးများထံ စာရေးသည်။
"ဒီနေ့ ညနေ ကျောင်းဆင်းရင် ပန်းခြံဘက်လာခဲ့ နမ်းတမ်းကစားရအောင်"
ချာတိတ်မများက စာပြန်သည်။
"ဒီအတွက် သက်သက်ဆိုရင် ပထမတန်း 'အေ' ဆီ စာရေးပါ"

_________________________________________________________________________

ဆံပင် ညှပ်ချင်တယ်

ချူချာ ဆံပင်ညှပ်ဆိုင်သို့ ဝင်လာသည်။ ဆံပင်ညှပ်သမားက မေးသည်။
"ကတုံး တုံးပေးရမှာလား။ ဒါမှမဟုတ် ဘိုကေ ညှပ်မှာလား"
"ကတုံးတုံးပေးဗျာ"
ပြီးလုခါနီးတွင် မိမိ၏ခေါင်းကို မှန်ထဲ ကြည့်ကာ ချူချာက ပြောသည်။
"ကတုံးက ကြည့်မကောင်းဘူး။ ဘိုကေ ပြန်ညှပ်ပေးဗျာ"
_________________________________________________________________________
ပြေးစရာလိုလို.လား

အားကစားကွင်းထဲမှာ သူငယ်ချင်း ၂ယောက် ဆုံတုန်းလေး စကား ပြောနေကြတယ် ။
ဘဲဥ ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
သူငယ်ချင်း ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
ဘဲဥ ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့ကောင်တွေက ဘာလို. လိုက်ပြေးနေသေးလဲလို.ပါ ။
__________________________________________________________________________
မပျံတတ်လို.ပါ
လေယာဉ်တစ်ခါမှ မစီးဖူးတဲ့ ခရီးသည်တစ်ယောက် လေယာဉ်မယ်ကိုမေးသည်-
ခရီးသည် ။ ။ တို.ကို လေထီးတွေ ထုတ်ပေးမှာလား ။
လေယာဉ်မယ် ။ ။ မပေးပါဘူးရှင် ။
ခရီးသည် ။ ။ ငါရေကြောင်းခရီးသွားတုန်းကတော့ အသက်ကယ် ၀တ်စုံတွေ ခရီးသည်တိုင်းပေးတယ်ကွ ။
လေယာဉ်မယ် ။ ။ ခုရေကြောင်းခရီးသွားနေတာ မဟုတ်ပါဘူးရှင် ။
ခရီးသည် ။ ။ ဟ လူတိုင်းနီးပါးရေကူးတတ်တာတောင် အသက်ကယ်ဝတ်စုံပေးသေးတာ ဘယ်သူမှ မပျံတတ်တဲ့ လေကြောင်းကျမှပဲ လေထီး ထုတ်မပေးဘူး ဆိုတော့ တစ်ဆိတ်လွန်ပြီ ထင်တာပဲ ။
_________________________________________________________________________
အမေးနဲ.အဖြေ
ဘဲဥ ။ ။ ငါးတွေဘာလို. ရေကူးကြတာ လဲကွ ။
သူငယ်ချင်း ။ ။ သူတို.မှ မပျံတတ်ကြတာပဲ ကွာ ။
_______________________________________________________________________
မတတ်နိုင်လို.ပါ
ကျောင်းက ပြန်လာတဲ့ သားဖြစ်သူကို အမေက မေးသည် -
အမေ ။ ။ ဒီနေ.ကျောင်းမှာကောင်းကောင်းနေခဲ့ရဲ.လား ။
သား ။ ။ ဟုတ်ကဲ့ပါမေမေ ။
အမေ ။ ။ ဘာပြသနာ လုပ်ခဲ့သေးလဲ ။
သား ။ ။ မလုပ်ခဲ့ပါဘူး မေမေ ။
အမေ ။ ။ ဒါဆို မင်းဘယ်သူ.ကိုမှ အနှောက်အယှက်မပေးခဲ့ဘူးပဲ ငါ့သားလေး လိမ်မာ လာပြီ ။
သား ။ ။ ဘယ်ပေးနိုင်ပါ့ မလဲ မေမေရယ် သားက တစ်ချိန်လုံး အတန်းထောင့်မှာ မတ်တပ်ရပ်နေခဲ့တာလေ ။ ......:P
_________________________________________________________________________
ပြန်တွေ.ပြီ
ဘဲဥ သူငယ်ချင်းနဲ. ဆုံတုန်း အာလာပသလာပ စကားပြောနေကြသည်-
ဘဲဥ ။ ။ နွေရာသီတုန်းက ငါ့နာရီ ကျပျောက်သွားတာလေကွာ မင်းမှတ်မိသေးတယ်မလား ။
သူငယ်ချင်း ။ ။ အေး မှတ်မိတယ်လေ ၊ ဘာလို.လဲ ။
ဘဲဥ ။ ။ အေးကွ မနေ.က ငါအနွေးထည် အကျီင်္ ကို စစ်ကြည့်ရင်းနဲ. တွေ.ပြီကွ ဟားဟား ။
သူငယ်ချင်း ။ ။ နာရီလား ။
ဘဲဥ ။ ။ မဟုတ်ဘူး ထွက်ကျတဲ့ အပေါက် လေ ။
________________________________________________________________________
ပြေးမယ်ကြံ ထရံကကျိုး

စိတ်ရောဂါကုဆေးရုံက လူနာတွေအားလုံး အစည်းအဝေးကြိတ်ထိုင်ကြပြီး ဆေးရုံက ထွက်ပြေးလွတ်မြောက်မယ့် လမ်းကိုရွေး ချယ်ဆုံးဖြတ် လိုက် ကြတယ်။
သူတို့က ဆေးရုံဝင်း ထရံကို ကြက်ဖတစ်ကောင်လို ခုန် ကျော်ဖြတ်နိုင်အောင် ကြက်ဖတစ်ကောင်ကို ရိုက်သတ်ပြီး ခွဲဝေစားကြတယ်။
ပြီးတော့ သူတို့အားလုံး ၀င်းထရံကိုခုန်ကျော်နိုင်အောင်  တိုးတိုး  တိတ်တိတ်ကျိတ်ပြီး လေ့ကျင့်ကြလေတယ်။ နောက်ဆုံး အားလုံး ခုန်ကျော်တတ်သွားကြတယ်။
  ဒီလိုနဲ့ထွက်ပြေးမယ့် နေ့ကို ရောက်လာကြတယ်။ အခြေအနေကို စုံစမ်းလေ့လာဖို့ တစ်ယောက်ကို အရင်လွှတ်လိုက် ကြတယ်။
မကြာခင်မှာ ထိုလူက မျက်နှာမသာမယာနဲ့ ပြန်ရောက်လာလို့ အားလုံးက စိုးရိမ်စွာ ၀ိုင်းမေးလိုက်ကြတယ်။

” အခြေအနေ မကောင်းဖူးလား။ ဘာဖြစ်လာတာလည်း “

” ငါတို့ ပြေးလို့ မဖြစ်တော့ဘူး “

” ဘာဖြစ်လို့လည်း “

” သူတို့က ၀င်းထရံကို ဖြိုလိုက်ကြပြီ”
  ________________________________________________________________
ဆရာဝန်တွေပြောတဲ့အတိုင်း

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့ အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။ တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က အရက်နံ့တွေကတစ်ထောင်းထောင်း ထွက်နေတယ်။ ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..

” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော် ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “
__________________________________________________________________________

မေ့နေလို့ပါဆိုမှ

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “

__________________________________________________________________________


လက်ချာပေးသူ

ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို ကင်းလှည့်နေတဲ့ ရဲကား ကမေးတယ်။

” အချိန်မတော် ဘယ်သွားမလို့လည်း “

” လက်ချာသွားနားထောင်မလို့

” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း “

” ကျွန်တော့ မိန်းမ”
_________________________________________________________________________

အားကျစရာ

” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း “

” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။ ဒါကြောင့် တွန်နိုင်တာ “
_______________________________________________________________________

မျှော်လင့်ချက်

” မောင်.. ဒီမြစ်ထဲကို အချစ်ခုန်ချရင် မောင်.. ဆင်းကယ်မှာလားဟင်” လို့ ကောင်မလေးက သူ့ချစ်သူကိုကနွဲ့ကရမေး လိုက်တယ်။

ဒီတော့ ချစ်သူဖြစ်သူက မျှော်လင့်လေသံလေးနဲ့ မေးလိုက်တာက

” ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ်က တကယ်ခုန်ချမှာလားဟင် “
________________________________________________________________________
သိသင့်တယ်
" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "
________________________________________________________________________
ထိန်းမလား
" မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက သူဌေးမကြီးက သမီးလေးတယောက်တည်းရှိတာ "
" ဟုတ်လား "
" သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ "
" သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ "
" ခြောက်လ "
__________________________________________________________________________
ဂုဏ်ရှိစေရမယ်
" မင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် "
" အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို ခုကတည်းကကျွန်တော် ပြောနေတာပါ "
________________________________________________________________________
သူပြင်ကိုယ်ပြင်
ဒေါ်စိန်ဥက မနက်အစောမှာတော့ အသုတ်စုံရောင်းတယ်။ မဗျိုင်းကအသုတ်လာစားရင်း....
" ပေါ့နေလို့ ဆားလေးထည့်ပေးပါဦး...
ငန်သွားလို့မုန့်ဖတ်ကလေးနည်းနည်းလောက်....
ခြောက်တောက်တောက်ကြီးဖြစ်သွားပြီ၊ ဟင်းရည်ကလေးထည့်ပေးပါဦး...
နယ်လို့ကောင်းအောင် ပဲမှုန့်ကလေးထည့်ပေးပါဦး...
အစာတွေကများသွားပြီ၊ မုန့်ဖတ်ကလေးထည့်လိုက်ပါဦး... "
ဆိုပြီးစားလိုက်၊ ပြင်ခိုင်းလိုက်၊ ထည့်ခိုင်းလိုက်နဲ့၀၀စားရအောင်လုပ်တယ်။ စားလို့ဝတော့မှ ထရပ်ပြီး ၅၀၀တန် ထုတ်ပေးတယ်။ ဒေါ်စိန်ဥက ၁၀၀တန်ပြန်အမ်းတယ်။ အဲဒီတော့မဗျိုင်းက....
" အသုတ်က ၂၀၀ မဟုတ်လား.... "
" ၄၀၀လေ၊ ညည်းစားတဲ့အသုတ်ကတောင် ခဏခဏပြင်သေးတာပဲ၊ ငါယူမယ့်ဈေးလဲပြင်ရမှာပေါ့ "
_________________________________________________________________________
အံကျပဲ
" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊ ၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ... "
________________________________________________________________________
စိုးရိမ်လို့
" တော်သေးရဲ့ကွာ၊ ငါ့မိန်းမကအထက်ပိုင်းမှာနေလို့၊ မုန်တိုင်းဧရိယာထဲသာဆိုမလွယ်ဘူး "
" မင်းက မိန်းမအတွက်စိုးရိမ်တယ်ပေါ့လေ "
" နယ်မြေအတွက်စိုးရိမ်လို့ပါကွာ သူ့လေအားကလဲသေးတာမဟုတ်ဘူး "
________________________________________________________________________
ကြည့်ပါတယ်
သူဌေးရုံးခန်းထဲကို ၀င်လာတဲ့အချိန်မှာ စာရေးမတစ်ယောက်ကိုမတွေ့လို့ သူ့ရုံးခန်းထဲရောက်တော့ မန်နေဂျာ ကိုခေါ် ပြီး
" အလယ်စားပွဲမှာထိုင်တဲ့စာရေးမလာသလား "
" လာပါတယ် "
" ကျုပ်ဝင်လာတော့မတွေ့ပါလား "
" ကျွန်တော့အလစ်မှာပျောက်သွားတာပါဆရာ၊ ကျွန်တော်လဲ မျက်စိအောက်က အပျောက်မခံပဲစောင့်ကြည့်နေ တာပါ၊ ဒီနေ့မနက်မှာ ဘာအလုပ်မှကိုမလုပ်ပါဘူးခင်ဗျာ။ "
__________________________________________________________________________
ဖွင့်မယ်
" မန်နေဂျာကြီးလာပါဦး "
" ပြောပါသူဌေး "
" ရှေ့ခန်းမှာစာရေးမဘယ်လောက်ခန့်ထားလဲ "
" ၁၀ယောက်ပါ "
" အင်း ၁၀ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာနေရာပေးဖို့ဆံ့မှာမဟုတ်ဘူး၊ ဒီတော့ လက်သမားဆရာခေါ်ဗျာ "
" ဘာလုပ်မှာလဲဆရာ "
" ခန်းဆီးတွေဖြုတ်ခိုင်းမလို့ "
________________________________________________________________________
အတွင်းပစ္စည်း
ဦးသာဝဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
" မေမေဥရှိလား "
" ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် "
" မေမေဥမှသိမှာ "
" ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ "
" အတွင်းပစ္စည်းဝယ်ချင်လို့ "
အဲသည်အချိန်မှာ ဒေါ်စိန်ဥကရေချိုးရာက လှမ်းအော်တယ်။
" ကိုသာဝ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ "
_________________________________________________________________________
ဘာမှားလဲ
" ကိုသာဝ "
" ဘာလဲကွ "
" ဒီနေ့ဘယ်နှစ်ရက်လဲ "
" ၈ရက်လေ "
" ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅၀လို့မှတ်ထားရတာလဲ၊ တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊ ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် "
" မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ "
" ဟုတ်တယ်လေ မမြင်ဘူးလား "
" အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါဆိုပြီးပြောလို့ ပေးလိုက်တာပေါ့၊ ငါဘာမှားလို့လဲ "
_________________________________________________________________________
ကြိုတင်မှာပါ
ဟိုတယ်တခုတွင် တည်းခိုနေသောဧည့်သည်တဦးက နံနက်စာစားသုံးရန်စားသောက်ခန်းမသို့ရောက်ရှိလာခဲ့ သည်။
" စားပွဲထိုးလေးလာပါဦး "
" ဟုတ်ကဲ့ လာပါပြီ "
" နံနက်စာစီစဉ်ပေးပါဦး "
" ဟုတ်ကဲ့ လိုအပ်တာမှာပါခင်ဗျာ "
" ကြက်ဥကြော်၊ ကော်ဖီတစ်ကရား၊ ပေါင်မုန့်မီးကင်သုံးချပ်၊ သိုးသားဟင်းတစ်ပွဲ၊ ပန်းသီး၊ ရေနွေးကြမ်း၊ ပေါင်မုန့်အလွတ်သုံးချပ် ငါးမိနစ်အတွင်းရအောင် စီစဉ်ပေးပါ။ မြန်မြန်လေးနော်... "
" ဒီလောက်အမျိုးအစားတွေကို ငါးမိနစ်အတွင်းရဖို့ဆိုရင် တစ်ရက်လောက်ကြိုတင်မှာမှ ရနိုင်ပါတယ်ခင်ဗျာ။ ___________________________________________________________________________"

ရထားနောက်မကျအောင်
လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့ စစ်ဆေးလေသည်။
" နာမည်ပြောပါ "
" စမစ်လို့ခေါ်ပါတယ် "
" မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား "
" ဟုတ်ကဲ့ "
" မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ "
အနည်းငယ်စဉ်းစားပြီးနောက်....
" မီးရထားအ၀င်အထွက် အချိန်ဇယားကပ်ထားတာကို ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်..."
__________________________________________________________________________
မှန်မှန်ပြောစမ်းပါ
ကျန်းမာရေးမကောင်းသည့် ဇနီးသည်က သူ၏ခင်ပွန်းဖြစ်သူကို စိုးရိမ်စိတ်ဖြင့်မေးမြန်းလေသည်။
" ရှင့်ကိုမေးစရာရှိတယ် "
" ဘာများမေးစရာရှိလဲ နေကောင်းအောင်သာနေပါကွာ "
" ကျွန်မမေးတာ အမှန်အတိုင်းဖြေရမယ်နော် "
" အေးပါ ကဲ.... မေးလေ.... "
" ကျွန်မသေသွားခဲ့ရင် ရှင်နောက်အိမ်ထောင်ပြုမှာမဟုတ်လား "
" မင်းကလဲကွာ မဟုတ်တာ "
" ကဲပါ မှန်မှန်ဖြေစမ်းပါ "
" မင်းနဲ့တူတဲ့နောက်အမျိုးသမီးတစ်ယောက်ကိုတော့ ရှာယူမှာပါ "
__________________________________________________________________________
နှစ်၂၀ပြည့်
အိမ်ထောင်သက်နှစ်၂၀ပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
" လွန်ခဲ့တဲ့နှစ်၂၀ဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် "
" ဟုတ်တာပေါ့ "
" အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး "
" အင်း... ဟုတ်တယ် "
" အဲဒီနေ့ကိုဘယ်တော့မှမမေ့ဘူး၊ ၀မ်းသာလွန်းလို့။ ရှင်ရော... "
" ငါလည်းဘယ်တော့မှ မမေ့ပါဘူး "
" ပျော်လွန်းလို့လား "
" ငါ့ဘ၀မှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ "
_________________________________________________________________________
ပူဆွေးလိုက်ပုံက
အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ ....
_________________________________________________________________________
ဟုတ်ကဲ့ဆရာ
အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့ လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက် တီးတိုးမှာကြားလေသည်။
" မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဥ့်ကလျားရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ "
" ဟုတ်ကဲ့ဆရာ "
" နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊ အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက် ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ "
" ဟုတ်ကဲ့ဆရာ "
" ဝေယျာဝစ္စတွေနဲ့သူ့ကို ၀န်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊ ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊ အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ လုံးလုံးပြန်ကောင်းလာလိမ့်မယ်"
" ဟုတ်ကဲ့ဆရာ "
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
" ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ "
" ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် "
_________________________________________________________________________
စောင့်ပါ
ဂျွန်နှင့်စမစ်အမည်ရှိမိတ်ဆွေနှစ်ဦးအားလပ်ရက်တစ်ရက်၌ ငါးမျှားရင်းစကားပြောလျက်ရှိသည်။
" အိမ်မှာနေရတာ အဆင်မပြေပါဘူးကွာ "
" ဘာဖြစ်လို့လဲ "
" ငါ့မိန်းမနဲ့စကားမပြောတာကြာပြီ "
" ဟုတ်လား "
" အဲဒါ ဒီမိန်းမကို ကွာရှင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတယ် "
" ကောင်းတယ် မြန်မြန်သာကွာရှင်လိုက်ကွာ "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ကွာရှင်းပြီးတဲ့အထိစောင့်ပါလို့ ငါ့ကိုပြောထားလို့ "
________________________________________________________________________
ကိုယ်ချင်းစာ စမ်းပါ

သန်းကြွယ်သူဋ္ဌေး နှစ်ယောက် မြေအောက်ရထားကို စီးလာကြသည်။ ခရီးသည်များ
ပြွတ်သိပ်ကြပ်နေသည်ကို အခွင့်ကောင်းယူကာ ခါးပိုက်နှိုက်သမားက
သန်းကြွယ်သူဋ္ဌေး တစ်ဦး၏ အိတ်ထဲမှ ပိုးပဝါကို တဖြည်းဖြည်း ဆွဲယူလာသည်။
ဤသည်ကို မြင်သော အခြားသူဋ္ဌေးက မိမိ၏ မိတ်ဆွေကို တိုးတိုးလေး
သတိပေးသည်။
"ဟေ့လူ၊ ခင်ဗျား အိတ်ထောင်ထဲက ပဝါကို ဟိုကောင် နှိုက်နေပြီ"
"ဒီကောင့်ကို မနှောင်ယှက်စမ်းပါနဲ့ဗျာ၊ ကျုပ်တို့လဲ ဒီလိုပဲ တန်ဖိုးနည်းတဲ့
ပစ္စည်းတွေနဲ့ စခဲ့ရတာပဲ ဥစ္စာ"



ကြက်သူခိုး

တောမြို့ကလေး တစ်မြို့တွင် ဖြစ်သည်။ အခြေအနေမဲ့ လူငယ်တစ်ယောက်သည်
အိမ်တစ်အိမ်မှ မွေးထားသော ကြက်တစ်ကောင်ကို ခိုးကာ လူပြတ်သော နေရာတွင်
အမွေးများကို နှုတ်သည်။ ¤င်းကို ဖြတ်လျှောက်လာသော ရဲသားက မြင်သွားသည်။
ကြက်သူခိုးသည် ရုတ်တရက် လန့်ဖြန့်ပြီး ကြက်ကို အနားရှိ ရေအိုင်ထဲသို့
လွှင့်ပစ်လိုက်သည်။
"ဟေ့ နေရာက မရွှေ့နဲ့၊ မင်းအခုပဲ ကြက်ကို ခိုးတယ်ဆိုတာ ငါမြင်တယ်"
"ကျွန်တော် ဘယ်တော့ မှ သူများပစ္စည်းကို မခိုးဝံပါဘူးဗျာ"
"ဒါဖြင့်ရင် ဒီကြက်မွေးတွေက ဘာလုပ်တာလဲ"
"ကြက်မက သူရေဆင်းချိုးနေတုံး သူ့အဝတ်အစားတွေကို ခဏ
ကြည့်ခိုင်းထားတာပါ"___________________________________________________________________________
သွေးခုန်နှုန်းတိုးတယ်

"ခင်ဗျားရဲ့သွေးခုန်နှုန်းတိုးနေတယ်"
ဟု ဆရာဝန်က ပြောသည်။
"ငါးမျှားတာကြောင့် ဖြစ်မယ်ထင်တယ်"
"ငါးမျှားလို့ သွေးခုန်နှုန်း တက်တယ်ဆိုတာ ဒီ တစ်ခါပဲ ကြားဘူးတယ်၊
မဖြစ်နိုင်တာ"
"ဒေါက်တာကိုယ်တိုင် 'ငါးမမျှားရ' လို့ ပိတ်ပင်ထားတဲ့ နေရာမှ
ငါးမျှားကြည့်ပါလား"



အတုယူခိုင်းမှာ စိုးတယ်

"ဦးရဲ့သမီးကို ကျွန်တော်နဲ့ ဘာကြောင့် လက်ထပ်ခွင့်မပြုတာလဲ ခင်ဗျာ၊
ဦးသိတဲ့အတိုင်း ကျွန်တော် ဆေးလိပ်မသောက်၊ အရက်မသောက်တဲ့ အပြင်
လောင်းကစားလဲ သိပ်မပါဘူး မဟုတ်လားခင်ဗျာ"
"မောင်ရင့်ကို လက်ညှိုးထိုးပြီး မောင်ရင့်အတိုင်းနေဘို့ ငါ့ကို မိန်းမက တစ်ချိန်လုံး
စံနမူနာယူခိုင်းမှာ စိုးလို့ဟေ့"



ပြချင်လို့

အဖိုးတန် သိုးမွေးဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ဝယ်သူ အမျိုးသမီးသည်
ကျသင့်ငွေကိုချေသည်။ ထို့နောက် စူပါမားကတ်မှ အရောင်းသမကို ပြောသည်။
"ဒီအနွေးဝတ်ရုံကြီးကို ကျွန်မရဲ့အိမ်ကို လာပို့ပါ။ အိမ်ရောက် ကျွန်မရဲ့အခန်းကို
အရင်မဝင်ပဲ အိမ်မှားတဲ့ ဟန်ဆောင်ပြီး ဘေးခန်းက မိန်းမကြီးဆီ အရင်ဝင်ပေးပါ"



အရည်အချင်း

"၃ဝ- ကို ငါးနဲ့ မြှောက်ရင် ဘယ်လောက်ရမလဲ "
ဟု ပျော်ပွဲစားရုံပိုင်ရှင်က အလုပ်လာလျှောက်လာသူ လူငယ်အား မေးသည်။
"ဘယ်အဖွဲ့တွေနဲ့ လာစားသလဲ။ ဘယ်အချိန်မှာ လာစားသလဲ၊ ပြီးတော့ ဒီမတိုင်မီ
သူတို့ ဘယ်လောက်အထိ သောက်ထားကြပြီလဲ"
"ရပြီ၊ မင်းကို အလုပ်ခန့်လိုက်ပြီ"



စားချင်သလား

အီဗန်သည် မိမိ၏ သူငယ်ချင်း နီကိုလိုင် အိမ်သို့ ရောက်လာသည်။ နီကိုလိုင်၏
မိခင်က တံခါးကို ဖွင့်ပေးသည်။
"နီကိုလိုင် ထမင်းစားနေတယ်ကွဲ့၊ မင်းလဲ ထမင်းစားချင်မယ်ထင်တယ်"
"ဟုတ်ကဲ့"
"အဲဒီလိုဆို အိမ်ပြန်ထမင်းသွားစားချေ၊ ပြီးတော့ ပြန်လာခဲ့ပေါ့"



အဆိုးဆုံး

"အဆိုးဆုံးကို ရင်ဆိုင်ဘို့ ပြင်ထားပေတော့"
"ဒေါက်တာ၊ ကျွန်တော် သေတော့မှာလားဟင်"
"မဟုတ်ဘူး၊ တန်ဖိုးကြီးတဲ့ ဆေးဝယ်ဘို့ ဆေးစာရေးပေမလို့"



အလုပ်ပြုတ်မှာ စိုးတယ်

ရုရှားနှင့် ဂျပန်မိတ်ဆွေနှစ်ဦး ဆိုဗီယက် စားသောက်ဆိုင်သို့ ဝင်လာသည်။
ဂျပန်က မီးချစ်ဆံတစ်ဆံကို ချစ်လိုက်သည်။ အဆုံးအထိ လောင်သွားသည်။
ဒုတိယအဆံကို ချစ်လိုက်ပြန်သည်။ အဆုံးထိလောင်သွားပြန်သည်။
တတိယအဆံကို ချစ်ပြန်သည်။ အဆုံးအထိ လောင်သွားသည်ကို ကြည့်ကာ
ရုရှားက ဂျပန်ကို မေးသည်။
"အစာမစားခင် လုပ်တဲ့ ခင်ဗျားတို့ရဲ့ ဓလေ့ ထုံးစံလား"
"မဟုတ်ဘူး၊ မီးချစ်ဆံ သုံးဆံတောင် ကုန်သွားပြီး၊ စားပွဲထိုးကက မလာသေးဘူး၊
ဒီလူကိုအ လုပ်ဖြုတ်ပစ်တော့မယ် ထင်တယ်နော်"



ခဏကိုင်ထား

မြေးက အဖွားကို မေးသည်။
"ဖွားဖွား၊ ဖွားဖွား ချောကလက်ကြိုက်သလားဟင်"
"ကြိုက်သော်လဲ မစားနိုင်ပါဘူး ငါ့မြေးရယ်၊ အဖွားဆီမှာ သွားတစ်ချောင်းမှ
မရှိတော့တာပဲ"
"ဒီလိုဆိုရင်၊ ကျွန်တော့ ချောကလက်တွေကို ခဏ သိမ်းထားနော်၊ ကျွန်တော်
သွားကစားလိုက်အုံးမယ်"



အားကြီးစိတ်ဆိုးတယ်

ရေချိန် အတော်ကိုက်လာသော ယောက်ျား အိမ်သို့ ပြန်ရောက်လာသည်။
တံခါးဖွင့်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရပ်လိုက်သည်။ မှန်ပေါ်တွင် မိမိ၏ ပုံကို
မြင်ရသည်။
"ငါမရှိတုံး အခွင့်ကောင်းယူပြီး ငါ့မိန်းမဆီ မင်းလာတာပေါ့လေ၊ ဟုတ်လား၊
ဟေ့ကောင် အခုချက်ချင်းထွက်သွားစမ်း"
မှန်ပေါ်မှ အရုပ်သည် နေရာမှ မရွေ့ချေ။ ထိုအခါ ဇိုးသမားသည် ကုလားထိုင်ကို
ဆွဲယူလိုက်ပြီး၊ မှန်ကို ခွဲပစ်လိုက်သည်။ မှန်ကွဲများ ပြန့်ကျဲကုန်သည်။
"ဟေ့ မိန်းမ၊ မင်းလင်ငယ်ရဲ့ မျက်မှန် အကွဲစတွေ လာသိမ်းစမ်း"



ကားသစ်

ချာတိတ်တစ်ယောက် လမ်းပေါ်တွင် ကြွားနေသည်။
"ငါတို့အဖေ၊ ကားသစ်တစ်စီးရပြီ"
"ဘယ်မှာလဲ အဲဒီကား"
"ကားဂိုဒေါင်ထဲမှာလေ၊ တို့အဖေ တစ်ညလုံး ကားကို ဆေးသစ်သုတ်ပြီး
ကားနံပါတ်ကိုလည်း ပြောင်းလိုက်တယ်"



အလကား မပေးနိုင်ဘူး

ဒဏ်ရာရနေသော ဂျူးတပ်သားကို ရုရှားစစ်သားက ရန်သူများ ဝိုင်းရံထားသည့်
ကြားမှ ကယ်ထုတ်လာသည်။
"အီဗန်၊ ငါ့ကို ပစ်သတ်လိုက်ပါ၊ ဒီဒဏ်ရာနဲ့ ငါသေမယ်ဆိုတာ သေချာတယ်"
"ငါ့ဆီမှာ ကျည်ဆန် မကျန်တော့ဘူးကွ"
"ဒီလိုဆို ငါ့ဆီက နည်းနည်းဝယ်လေ"



အချိန်မရလို့

"ဟေ့ မိန်းမ၊ အိမ်ဝင်တံခါးရှေ့မှာ မင်းဘယ်သူနဲ့ တစ်နာရီကျော်ကြာအောင်
အာလူးဖုတ်နေတာလဲကွ"
"ဘေးအိမ်က မစ္စက်အလက်ဇန်ဒါလေ၊ သူအိမ်ထဲ ဝင်ဘို့ အချိန်မရလို့
လမ်းပေါ်မှာပဲ စကားပြောလိုက်ကြရတာ"



သေချာရအောင်

ဒုဗိုလ် - 'သေနတ်ကို တိုက်ချွတ်ရာမှာ ဘာကနေ စလုပ်သလဲ'
စစ်သား - ' သေနတ်ရဲ့ နံပါတ်ကို အရင်ဆုံး ကြည့်ပါတယ်'
ဒုဗိုလ် - ' ဘာဖြစ်လို့လဲ'
စစ်သား - 'တခြားလူရဲ့ သေနတ်ကို မတိုက်မိအောင်ပါ'



မျှော်လင့်ချက်ရှိသေးတယ်

အသက်အရွယ် ကြီးရင်ပြီ ဖြစ်သော မစ္စတာ ကော်နယ်လီ၏ ငယ်ရွယ်လှပသော
ဇနီးသည် ကွယ်လွန်သွားသည်။ အသုဘချပွဲတွင် မစ္စတာ ကော်နယ်လီသည်
အမူအရာ လုံးဝ မပျက်ချေ။ စိတ်ကို ကြံ့ကြံ့ခိုင်ခိုင် ထိန်းနိုင်ကြောင်း
ထင်ရှားသည်။ သို့သော် ကွယ်လွန်သူဇနီး၏ တိတ်တိတ်ပုန်း ချစ်သူ လူငယ်ကမူ
တစ်ချိန်လုံး ဝမ်းနည်းပက်လက် ငိုယိုလေသည်။ ကိစ္စအဝဝ ပြီးသောအခါ
မစ္စတာကော်နယ်လီသည် လူငယ်အနား ကပ်သွားကာ အောက်ပါအတိုင်း
ပြောလိုက်သည်။
"ဝမ်းနည်းမနေပါနဲ့ ကိုယ်လူရယ်။ ငါနောက်တစ်ခါ မိန်းမ ယူအုံးမှာပါကွ"




ပညာက မနေဘူး

လမ်းဖြတ်ကူးသူကို မော်တော်ဆိုင်ကယ်က ဝင်တိုက်မိပြီး မောင်းပြေးသွားသည်။
အခင်းဖြစ်သည့် နေရာသို့ ရဲသားချက်ချင်းဆိုသလို ရောက်လာသည်။
အတိုက်ခံရသူသည် နာမည်ကြီး ခါးပိုက်နှိုက်သမား ဖြစ်ကြောင်း တွေ့တွေ့ချင်း
ရဲသားက သိလိုက်သည်။
"တိုက်သွားတဲ့ မော်တော်ဆိုင်ကယ်ရဲ့နံပါတ်ကို မင်းမှတ်ထားလိုက်သေလား"
"မမှတ်မိလိုက်ဘူး၊ ဒါပေမယ့် သူ့ပိုက်ဆံအိတ်ကိုတော့ နှိုက်ထားလိုက်တယ်၊ ရော့"



သိချင်လို့တဲ့

"ဟဲ့သား၊ ကော်ပီစာအုပ် အဖုံးမှာ ဘာဖြစ်လို့ ဖေဖေဓာတ်ပုံကို ကော်နဲ့
ကပ်ထားတာလဲ"
ဟု အမေလုပ်သူက ဒုတိယတန်းသား သားငယ်ကို မေးသည်။
"သားရဲ့ အိမ်စာတွေကို ဖြေပေးတဲ့ လူညံရဲ့ မျက်နှာကို မြင်ချင်လိုက်တာလို့
ဆရာမက ပြောလို့ပါ"



မှတ်ဥာဏ်နည်းတဲ့ ယောက်ျား

လင်မယား ကွာရှင်းလိုမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
တရားသူကြီးက မိန်းမက မေးသည်။
"ခင်ဗျားက ခင်ဗျားယောက်ျားကို ပါးရိုက်တယ်လို့ ဆိုထားတယ်၊ ဟုတ်သလား"
"မဟုတ်ပါဘူး"
"ဗြောင်လိမ်တာပါ"ဟု ယောက်ျားက ဝင်ပြောသည်။
"ရှင့် ပါးစပ်ကို ပိတ်ထားစမ်း၊ နောက်တစ်ချက် ထပ်လိုချင်လို့လား"
ဟု အမျိုးသမီးက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။



သည်းမခံနိုင်ဘူး

ခွေးနှစ်ကောင် စကားပြောနေကြသည်။
"ဟေ့၊ မင်းရဲ့သခင်ကို မင်းကိုက်လိုက်တယ်လို့ သတင်းကြားတယ်၊ ဟုတ်သလား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"ငါရတဲ့ ဆုတံဆိပ်ကို သူ ယူတပ်လို့"



ကူးချထားတယ်

"ဟေ့၊ မောင်ပီတာ၊ မင်းရေးတဲ့ ခွေးအကြောင်းစာစီစာကုံးဟာ မင်းအစ်ကို
မောင်ဂျော်နီရေးတာနဲ့ တစ်ထပ်တည်းပါလား"
"အော် ဒါလား၊ ကျွန်တော်တို့အိမ်မှာ ဒီခွေးတစ်ကောင်တည်း ရှိတာကိုး ဆရာရဲ့"



သတိမေ့ရောဂါ

လူနာ၏ ဇနီးကို လမ်းမှာ တွေ့သည်နှင့် ဆရာဝန်က မေးသည်။
"ခင်ဗျားရဲ့ ခင်ပွန်းသည် နေကောင်းရဲ့မဟုတ်လား၊ သူ့ရဲ့ သတိမေ့တဲ့ ရောဂါ
ပျောက်သွားပြီးလား"
"ကောင်းကောင်းတော့ မပျောက်သေးဘူး ဒေါက်တာ၊ မနက် မီးဖိုချောင်ကို
အဝင်မှာ ပထမဦးဆုံး ကျွန်မခေါင်းကို ဇွန်းနဲ့ ခေါက်၊ ကြက်ဥပြုတ်ကို နှာခေါင်းနဲ့
နမ်းနေတုန်းပဲ"



ဖြစ်ပါ့မလား

လူနာက ဘေးအခန်းမှ အိမ်နီးချင်းကို မေးသည်။
"ကျွန်တော့ အခန်းက ခုလေးတင် ထွက်သွားတဲ့ ဆရာဝန် ခင်ဗျားကို ဘာမှ
မပြောသွားဘူးလား"
"ဘာမှ မပြောပါဘူး။ အဲ တစ်ခုတော့ မေးတယ်။ အခေါင်းကို
အိမ်တံခါးပေါက်ကနေ ထုတ်လို့ရနိုင်ပါ့မလားလို့ မေးသွားတယ်"
___________________________________________________________________________