Introduction

မွေးမြေရပ်ကိုလွမ်းတဲ့နေ့များ ....(၁)

အင်တာနက်ထဲမှာလူတွေတော်တော်များများဟာ blog တွေရေးနေကြတယ်....ကိုယ်ပိုင်ခံစားချက်တွေ၊
ကဗျာတွေ၊ ရသစာပေတွေ၊ နည်းပညာတွေ ကိုဝေမျှခံစားနေကြတယ်...ဒါတွေကြည့်ကြည့်ပြီးကျွန်တော်လည်း
အရူးထလာတယ်...ရေးကြည့်ချင်လာတယ်...ဒါပေမယ့် သူများလိုကျွန်တော်က ရေးမတတ်တော့ ဘာရေးရမှန်း
လည်းမသိဘူး..ပညာအခြေခံကလည်းမကောင်းတော့ ဖြေးဖြေးနဲု့ကြိုးစားပြီးရေးနေတာပါခင်ဗျာ.....ဘာမှရေး
လို့မတတ်တော့...စဉ်းစားနေရင်းနဲ့ အိမ်ကိုလည်းလွမ်းနေတဲ့အချိန်ဆိုတော့ ဇာတိမြို့ကလေးအကြောင်းရေး
ကြည့်ချင်လာတယ်...ဒါနဲ့ပဲမြန်မာနိုင်ငံအောက်ပိုင်းက ကျွန်တော်ရဲ့ဇာတိမြို့ကလေး ကျိုက်မရောမြို့ အကြောင်း
ရေးလိုက်တာပါခင်ဗျာ......
ထန်းပင်ထန်းလက်ထန်းရွက်ညီညီ ကျိုက်မရာမြို့ကသာယာလှပေသည်.....
ဆိုသည့်သီချင်းအတိုင်း...ကျိုက်မရာမြို့အ၀င်လမ်းမတစ်လျှောက်မှာ ထန်းပင်များဖြင့်စီတန်းနေသည်မှာ....
ပုံမှာမြင်ရတဲ့အတိုင်းပါပဲ.... ကျိုက်မရောမြို့မှာတစ်ကယ်တော့ ထူးထူးခြားခြားဘာမှမရှိပဲ ကျေးလက်သဘာ
ဝဆန်နေတာကိုကထူးခြားမှုတစ်ခုပါ....ရှင်စောပုဘုရင်မတည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့်ဘုရားကြီး
လဲ သပ္ပါယ်ဖို့ကောင်းလှပါတယ်....

ကျိုက်မရာမြို့ဟာ မော်လမြိုင်မြို့နဲ့ ၁၅ မိုင်သာကွာဝေးပြီး ကားလမ်းမကြီးဟာ အထ္ထရံမြစ်
မှာအဆုံးသတ်ပါတယ်.....ကားလမ်းရဲ့တစ်ဖက်မှာ တောင်ညိုတောင်တန်းကြီးက၀န်းရံထား
ပြီးတစ်ဖက်မှာတော့ စိမ်းလန်းစိုပြေတဲ့စိုက်ခင်းများနဲ့ တောင်ကနေမြောက်ဖက်ကို ပြောင်းပြန်
စီးဆင်းနေတဲ့ အထ္ထရံမြစ်ကြီးကသွယ်တန်းထားလို့နေပါတယ်...ပြောရမယ်ဆိုရင် ကိုယ့်မြို့ကိုယ့်
ရွာဖြစ်လို့ပြောတာတော့မဟုတ်ဘူး အရမ်းကိုကျေးလက်ဆန်ပြီး တောရိပ်တောင်ရိပ်တွေနဲ့ကဗျာ
ဆန်တဲ့မြို့ကျဉ်းကျဉ်းလေးပါပဲ....
လောကမှာလူသားတွေကိုမပြောနဲ့ အဟိတ္တိရိစ္ဆာန် နွားတွေတောင်မှအချိန်
တန်ရင်ချည်တိုင်ကိုသတိရသေးတာပဲမဟုတ်လားခင်ဗျာ...ကျွန်တော်ဆိုရင်လည်း ကိုယ့်ရဲ့အိမ်ကိုယ့်
ရဲ့မြို့ကလေးကို အမြဲတတမ်းပဲသတိရနေတာ မဆန်းပါဘူးနော်...အခြေနေအရ malaysia နိုင်ငံမှာ
အလုပ်လုပ်ရင်းနေနေရပေမယ့် ဇာတိမြေလေးရဲ့နွေထွေးလုံခြုံမှုကိုအမြဲတမ်းအောက်မေ့နေဆဲပါ...
ဇာတိမွေးရပ်မြေကိုခင်တွယ်ချစ်မြတ်နိုးတဲ့သူအားလုံး ကျွန်တော့်လိုပဲခံစားရလိမ့်မယ်လို့
ထင်ပါတယ်.......

google earth ကနေ အပေါ်စီးကမြင်ရတဲ့ ကျွန်တော့်မွေးရပ်မြေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အတ္ထရံမြစ် ကမ်းနဖူးပေါ်မေးတင်ထားတဲ့ ကျိုက်မရောမြို့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Google earth ရဲ့ကျေးဇူးကြောင့် ငယ်ငယ်ကကျောင်းပြေးပြီး ငါးသွားမျှားတဲ့နေရာ
လေးတွေ၊ ငှက်လိုက်ပစ်တဲ့နေရာလေးတွေကို အလွမ်းပြေကြည့်ရှုခွင့်ရခဲ့ပြီ....malaysia မှာ နှစ်ပေါင်းများစွာအ
လုပ်လုပ်ရင်း ငြီးငွေ့ခဲ့ရတာတွေ၊ ပင်းပန်းနေရတာတွေ ဟာဇာတိမြေရဲ့နွေးထွေးမှုတွေကို ပိုပိုပြီးသတိရစေခဲ့ပါ
တယ်ခင်ဗျာ.......
လောကမှာလူတိုင်းလူတိုင်းဟာပုံမှန်အားဖြင့်တော့ အတိတ်ကိုမေ့တယ်ရယ်လို့မရှိကြဘူးနော်
ဘယ်လောက်ပဲအခြေနေတွေပြောင်းလဲပါစေ...ဘ၀တွေပြောင်းလဲပါစေ တစ်ချိန်မဟုတ်တစ်ချိန်တော့ တိုက်ဆိုင်
မှုရှိခဲ့လို့ပဲဖြစ်ဖြစ် အရင်နေထိုင်ခဲ့တဲ့နေရာလေးတွေ၊ ဆက်ဆံခဲ့ဘူးတဲ့လူတွေ၊ ကြုံခဲ့ရတဲ့အဖြစ်တွေကို သတိရနေ
တတ်တာပါပဲ.....(ဒီနေရာမှာလွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။ အမြင်မတူသူများ comments ရေးခဲ့ပေးပါခင်ဗျာ)ကျွန်တော်ကတော့သူများထက်ကိုပိုများပိုနေမလားတော့မသိဘူး အချိန်တိုင်းမဟုတ်တောင်
အမြဲတမ်းတော့ ကျွန်တော်နေထိုင်ခဲ့တဲ့ ကျွန်တော့်အိမ်က အိပ်ခန်းကလေး၊ ကျွန်တော်ငါးမျှားနေကြ စမ်းချောင်း
ကလေး၊ ကွန်တော်ငှက်ပစ်နေကြ တောတန်းလေး ပြီးတော့ ကျွန်တော့်ရဲ့ဆိုးဖော်ဆိုးဖက်ငယ်သူငယ်ချင်းများ
အားလုံးကို ရင်မှာတမ်းတမ်းတတနဲ့ ရပ်ဝေးမြေခြားကနေ လွမ်းဆွတ်သတိရလျှက်ပါခင်ဗျာ.......

0 comments:

Post a Comment