Introduction

လေလွင့်အတွေးများစွာ......(တစ်)

ကျွန်တော့ရဲ့ blog ကိုမထင်မှတ်ပဲရောက်လာတဲ့သူ..အလည်လာတဲ့သူများကို ကျေးဇူးတင်ပါတယ်...
ကျွန်တော်ဟာ malaysia မှာအလုပ်လုပ်နေသူဖြစ်လို့ အလုပ်နားချိန်လေးမှာ အပြင်းပြေရေးတာမို့လို့....အားလုံး
ကိုအပြင်းပြေစေရန်ရည်ရွယ်ပါတယ်....
လောကကြီးမှာလူတွေဟာဘာဖြစ်လို့ကြီးနိုင်ငယ်ညဉ်းလုပ်ချင်နေရတာလဲမသိဘူး
နော်....ကျွန်တော်ကြည့်တာနေရာတိုင်းမှာဒီလိုကြီးပဲ...အင်အားကြီးတဲ့လူက ငယ်တဲ့လူကိုရရင်ရသလိုအနိုင်ကျင့်
မတရားလုပ်ချင်နေကြတယ်...ကျွန်တော်တို့လိုနိုင်ငံခြားမှာအလုပ်လုပ်တဲ့လူတွေဆို အဲဒီလိုမတရားလုပ်တာတွေ
အမြဲတမ်းခံနေရတယ်...နေ့စဉ်နဲ့အမျှလဲ ဘော်ဒါတွေကြားမှာကြားနေရတယ်...ဒီ malaysia နိုင်ငံသားတွေဟာ
တစ်ခြားနိုင်ငံသားတွေဆိုရင် အများစုက နှိမ်ကြတယ်...မတူမတန်သလိုဆက်ဆံတာကြတော့နေ့စဉ်နဲ့အမျှပါပဲ
....အဆိုးဆုံးကတော့ ကျွန်တော်တို့နေရာမှာဆိုရင် လုယက်မှုတွေ အမြဲတမ်းရှိတယ်...ညနဲနဲမှောင်တာနဲ့အပြင်
မထွက်ရဲကြဘူး..ကိစ္စရှိလို့အပြင်ထွက်တာနဲ့အလုခံရတာတို့ အရိုက်ခံရတာတို့ဟာ မထူးဆန်းတော့သလိုတောင်
ဖြစ်နေတယ်..ဆိုင်တွေမှာဈေးဝယ်ရင်လည်း နိုင်ငံခြားသားဆိုရင်မသင်္ကာသလိုနဲ့ အရေးမလုပ်ချင်ကြဘူး...
ဒါပေမယ့် အလုပ်လုပ်ရင်းငွေရှာနေရတာမို့လို့...အောင့်အီးပြီးနေရတာပါပဲလေ....

0 comments:

Post a Comment