Introduction

အသုံးမကျသောဥပဒေ.....(မလေးရှားနိုင်ငံ)

0 comments

ဒီနေ့ ဘော်ဒါတစ်ယောက် လေယဉ်နဲ့လာတာ...လေယဉ်ကွင်းမှာ လ၀ကဂိတ်တောင်မရောက်သေးဘူးလှည့်ပြန်သွားခဲ့ရတယ်.....စစ်ဆေးရေးတွေရှိနေလို့တဲ့....ဟိုခမျာမှာတော့
ဘ၀ပျက်မတတ်ပဲ...အဲဒီလိုပဲ အာရှဆင်းရဲသားနိုင်ငံတွေက လူတွေဘယ်နှစ်ယောက်များ ဘ၀ပျက်ပြီးခဲ့ပြီလဲ
မသိဘူး....သူတို့ဥပဒေတွေက အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့....ကိုယ်တွေမှာတော့ချေးငှားပေါင်နှံပြီးစွန့်လာ
ခဲ့ရတာ....အသုံးမကျ မတည်မြဲတဲ့ဥပဒေနဲ့ ဘ၀ပျက်ခဲ့ရသူပေါင်းလဲမနည်းတော့ပြီလေ......
malaysia ကနေ us ကို ထွက်သွားတဲ့သူငယ်ချင်းတစ်ယောက်ဆိုလည်း မသွားခင်မှာရှိတဲ့
ငွေလေးပုံအောပြီး မြန်မာပြည်မှာရှိတဲ့သူ့အမျိုးသမီးကိုတွေ့ချင်ရှာလွန်းလို့ ခေါ်လိုက်ပါတယ်...မလေးရှားလေ
ယဉ်ကွင်းကနေပဲလှည့်ပြန်သွားခဲ့ရတယ်...ခမျာမှာတော့ရှိတာလေးလည်းကုန်ပြီး သွားတာသွားလိုက်ရရှာတယ်
သူ့အမျိုးသမီးကို မတွေ့လိုက်ရဘူး....သူတို့ဥပဒေတွေကဘယ်လိုလည်းမသိဘူး....မြန်မာပြည် မလေးရှားသံရုံး
မှာတော့ရှောရှောရှုရှု ဗီဇာပေးခဲ့ပြီးတော့ ဒီရောက်တော့မှဝင်ခွင့်မပေးတာဟာ တမင်သက်သက်ညစ်သလိုပဲ
ဖြစ်နေတယ်..မပေးချင်ရင်လည်းအစကတည်းကမပေးလဲရနေတာပဲ...အခုလိုလုပ်လိုက်တော့ လက်လှုပ်မှပါး
စပ်လှုပ်ရတဲ့ ကျွန်တော်တို့လိုအောက်ခြေကလူတွေအဖို့တော့ မျက်ဖြူဆိုက်စရာအခြေနေပါပဲ...ဒါကြောင့်ဥပဒေ
နဲ့ပါတ်သက်လာရင် မလေးရှားနိုင်ငံမှာသတိထားကြပါလို့ပြောချင်ပါတယ်......

ဘ၀အမောထဲက...အိုအေစစ်ကလေး......

0 comments













လောကရဲ့ရာတနာအားလုံးထဲမှာတန်ဖိုးအရှိဆုံးက သားသမီးရာတနာ
တဲ့...ပြောကြတာပဲ..ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကိုရာတနာကဲ့သို့တန်
ဖိုးရှိအောင်ထိန်းကျောင်းပဲ့ပြင်ရမှာက ကိုယ့်တွေရဲ့တာဝန်ပဲလေ.....
ကျွန်တော့်ရဲ့ချစ်သမီးလေးကို...အရမ်းသတိရလိုက်တာ....
နောက်နောင်ကျရင် သားသမီးနဲ့တခဏလေးတောင်မဝေး
ရပါစေနဲ့လို့ ဆုတောင်းရတာလဲအမောပါပဲ.....
မြန်မာပြည်မှာအဖိုးအဖွားတွေနဲ့ပျော်ရွှင်နေတဲ့ချစ်သမီးလေး....
ချမ်းမြေပါစေလို့....ရပ်ဝေးမြေခြား malaysia ကနေ ပါးပါးနဲ့မာမား
ဆုတောင်းပေးလျှက်ပါသမီးလေးရယ်......

အချိုးမကျသော ဓါတ်ပုံများ.....

0 comments
လောကမှာလူတွေဟာလည်းအချိုးတကျ နေတတ်ဖို့အရေးကြီးတယ်
















အချိုးတကျမနေတတ်ရင် ဒီပုံတွေလိုပဲ ကပေါက်တိကပေါက်ခြာ အချိုးမကျဖြစ်နေလိမ့်မယ်....
လူတွေအများကြီးကျွန်တော်တွေ့ဘူးတယ် အမြဲတမ်းအတိုက်အခံ လုပ်မယ်ဆိုတာကြီးပဲ
အကျိုးသင့်အကြောင်းသင့်ရှင်းပြရင်လည်းလက်မခံတတ်ကြဘူး အရာအားလုံးကိုသူမှန်တယ်ကြီး
လုပ်နေတတ်တာ....အဲတာတွေကိုကျွန်တော်ဆိုလိုတာပေါ့ လောကကြီးနဲ့အံဝင်ခွင်ကြမဖြစ်ပဲ အမြဲ
တမ်းကန့်လန့်တိုက်ပြီး အချိုးမကျဖြစ်နေရတယ်...ဝေးဝေးရှောင်သင့်တဲ့လူမျိုးတွေပေါ့.....

view of malaysia....

0 comments

မြို့တော်ကတော့အရမ်းလှပတဲ့မြို့တော်ပါပဲ....
ဒါပေမယ့်...စိတ်ကဉ်းကျပ်မှုတွေ.....
လူလူချင်းခွဲခြားဆက်ဆံတာတွေ...
မတရား အနိုင်ကျင့်မှုတွေ...
ဖိနှိပ်ခြယ်လှယ်မှုတွေ...ထုံမွှန်းနေတယ်ဆို
တာ ကိုယ်တိုင်ကြုံမှသိရမှာပါ....

လေလွင့်အတွေးများစွာ......(သုံး)

0 comments
မလေးရှားနိုင်ငံမှာ မလေးလူမျိုး...တရုတ်လူမျိုး...တမီလ်ကုလားလူမျိုးဆိုပြီး လူမျိုးသုံးမျိုးရှိကြတယ်...
အဲဒီသုံးမျိုးထဲမှာ တရုတ်လူမျိုးဟာ အလုပ်အရမ်းကြိုးစားတယ်..စီးပွားရေးအကွက်လည်းမြင်တတ်
တယ်..လက်ရှိ မလေးနိုင်ငံရဲ့စီးပွားရေးလုပ်ငန်း အများစုကိုတရုတ်လူမျိုးတွေပဲချုပ်ကိုင်ထားတာ...
ကျွန်တော်တို့လိုနိုင်ငံခြားသားအများစုဟာလဲ တရုတ်လူမျိုးတွေဆီမှာ ဒါမှမဟုတ် တရုတ်လူမျိုးပိုင်
company တွေမှာအလုပ်လုပ်ရတာများပါတယ်...တရုတ်တွေဟာ မပျင်းကြဘူး အလုပ်ကိုအလုပ်နဲ့တူ
အောင်လုပ်ကြတယ်...ဒါပေမယ့်အမှားမခံဘူး...မှားရင်လည်းခွင့်မလွတ်ဘူး...ဒါကြောင့် တရုတ်တွေဟာ
တိုးတက်တယ် ချမ်းသာကြတယ်...မလေးရှားရဲ့စီးပွားရေးဟာ တရုတ်တွေကိုမှီခိုနေရတယ်ဆိုရင်မမှား
ဘူး....ကျွန်တော့်အလုပ်ရှင်ဟာလည်းတရုတ်ပါပဲ...သူဌေးဆိုပေမယ့် အလုပ်သမားနဲ့တန်းတူအလုပ်လုပ်
တယ်...တခါတလေကျွန်တော်တို့မလုပ်ချင်တဲ့အလုပ်တွေကိုပါ ၀င်လုပ်တယ်...ငါသူဌေးပဲဆိုပြီးစတိုင်လ်
နဲ့မနေတတ်ဘူး..ဒါတွေကိုအတုယူသင့်တယ်..ကျွန်တော်တို့လူမျိုးတွေဟာအများအားဖြင့်ငွေလေးနဲနဲ
ချမ်းသာလာပြီဆိုရင် ဘာကိုမှကိုယ်တိုင်မလုပ်ချင်ကြဘူး အောက်ခြေကလူတွေကိုပဲခိုင်းချင်တတ်ကြတယ်
ဒါဟာမကောင်းတဲ့အကျင့်ပဲ...ကျွန်တော်တို့ဟာတရုတ်လူမျိုးတွေရဲ့အလုပ်လုပ်ပုံနည်းစနစ်တွေကို
လေ့လာအတုယူပြီး ကိုယ့်နိုင်ငံပြန်အလုပ်လုပ်ခဲ့ရင် သေချာပေါက်အောင်မြင်မယ်...ဒါပေမယ့်တရုတ်လူမျိုး
တွေမှာမကောင်းတဲ့အကျင့်ကတော့ လိမ်ခြင်းပဲ..ငွေရဖို့အတွက်ဆိုရင် ကိုယ့်ညီကိုမောင်နှမကိုလည်း
လိမ်ဖို့ဝန်မလေးဘူး...လိမ်လည်ခြင်းဟာသူတို့အတွက်မထူးဆန်းတဲ့အရာလိုပဲဖြစ်နေတယ်...ဒါဟာလည်း
တရုပ်လူမျိုးတိုင်းတော့မဟုတ်ပါဘူး...တချို့တ၀က်ပေါ့...ပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံမှာတရုပ်လူမျိုးတွေ
ဟာကောင်းကြပါတယ်.....

မလေးရှားရဲ့ထင်ရှားသောနေရာများ.....

0 comments

မလေးရှားမှာ ခောတ်မှီအဆောက်ဦးတွေနဲ့ အရမ်းလှပနေပေမယ့် မလေးရှားနိုင်ငံသား
တွေကြားမှာတော့ လိမ်လည်မှုတွေ လည့်ဖြားမှုတွေ မတရားမှုတွေနဲ့ ပြည့်နှက်လို့
နေပါတယ်....တရားဥပဒေစိုးမိုးတဲ့ နိုင်ငံလို့ပြောပေမယ့် တကယ်တော့ မတရားမှုတွေတာ
စိုးမိုးလို့နေပါတယ်.....





လေလွင့်အတွေးများစွာ......(နှစ်)

0 comments
လောကမှာဘယ်လောက်ပဲအဆင်မပြေတာပဲဖြစ်ဖြစ်....အခက်အခဲတွေနဲ့ပဲတွေ့တွေ့...မတရားတာတွေနဲ့
ပဲကြုံကြုံ...တတ်နိုင်သလောက်သည်းခံပြီး အဆင်ပြေအောင်နေရတာပါပဲ...လူတွေအမြဲတမ်းပြောနေကြစကားက
မတရားတာတွေ့ရင်ခေါင်းငုံ့မခံနဲ့တဲ့....အဲဒီစကားကနေရာတိုင်းအတွက်တော့မဟုတ်ဘူး .....နိုင်ငံခြားလောကမှာ
လက်ရှိအလုပ်လုပ်နေတဲ့ကျွန်တော်တို့ဆီမှာတော့...အဲဒီခေါင်းငုံ့မခံတတ်တဲ့လူတွေကြီးပဲ ဂျေးထဲအောင်းရတာတို့
အလုပ်ပြုတ်တာတို့ အသက်ဆုံးရှုံးတာတို့အထိဖြစ်နေရတယ်....တကယ်ဆိုရင်လိမ္မာပါးနပ်စွာနဲ့တော်ရုံတန်ရုံကိစ္စ
လောက်ကို သည်းခံလို့ရတဲ့အတိုင်းတာအထိသည်းခံ ဒါမှမဟုတ် ရှောင်တိမ်းလို့ရမယ့်အတိုင်းတာဆိုလဲ ရှောင်တိမ်း
ပြီး ကိုယ့်ရည်မှန်းချက်အတိုင်း ငွေရှာနေရတာ...ဒါမှမဟုတ်ရင်တော့ ငွေရှာလို့ရမှာမဟုတ်ဘူးလေ....
မျက်စိအရှေ့မှာမြင်နေရတာပဲလေ...သူဌေးနဲ့ကွိုင်တက်လို့ အလုပ်လည်းပြုတ် passport စာအုပ်လည်း
ပြန်မရ လာခဲ့တဲ့အကြွေးလည်းမကြေနဲ့ ဘ၀ပျက်ကရောပဲ....ဒါကြောင့်ငါဘာလုပ်လိုက်ရဘာဖြစ်သွားမလဲ
ဆိုတာ ရှေ့ကိုကြိုတွေးပြီးဆင်ချင်နေရတာတခုကတော့ အရမ်းစိတ်ကျဉ်းကျပ်တယ်...ဒါပေမယ့်ဘာတတ်
နိုင်မှာလည်းလေ...ကိုယ့်တိုင်းပြည်မှာလည်းစီးပွားရေးကမကောင်း မျက်နှာငယ်နေရတော့ ကြိတ်မှိတ်သီးခံ
ပြီးနေနေရတာ ၀ဋ်ကြွေးတခုပေါ့.......