Introduction

ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ? .....

0 comments

လောကတွင်အဖိုးအတန်ဆုံးနှင့်အလကားရသောအရာသည်အချိန်ပဲဖြစ်ပါသည်...
အလားရထားသော
အချိန်ကိုအလဟသမဖြုန်းတီးပါနှင့်..
.ရှေးလူကြီးများပြောခဲ့သောစကားဖြစ်ပါသည်...အချိန်ဆိုတဲ့အတိုင်းအတာ
တခုအတွင်းမှာ ဘာမဆိုလုပ်၍ဖြစ်နိုင်၏....ပြောင်းလဲမှုအားလုံးတို့ရဲ့အစဟာအချိန်ပင်ဖြစ်၏...
သက်တမ်းတိုတောင်းလှသောကျွန်တော်တို့၏ဘဝတွင်လုပ်စရာတွေကများနေ၍အချိန်ကနည်းပါးလွန်း
လှသည်...ထိုနည်းပါးလွန်းသောအချိန်များကိုပင် မိသသားစုအတွက်လည်းပေးချင်၏...မိတ်ဆွေသူငယ်ချင်းများ
အတွက်လည်းပေးချင်၏....မိမိလုပ်စရာရှိသောလုပ်ချင်သော
အလုပ်များကိုလည်းမသေခင်လုပ်ချင်သေး၏...

မေးခွန်းထုတ်ရလျှင်ကျွန်တော်တို့သည်မိမိ၏အိမ်မက်များကိုဘယ်နှစ်ခုများအကောင်ထည်ဖေါ်ခဲ့ပြီးပါသလဲ?
ဆန္ဒနှင့်လက်တွေ့တထပ်ထဲကျရန်မှာလွယ်ကူသောအလုပ်မဟုပ်ပါ...တစ်ချို့သောသူများ
အကြောင်းကိုဆောင်း
ပါးများတွင်ဖတ်ဘူးသည်...မိမိလုပ်ချင်သည်များကို မှတ်တမ်းတင်ထားပြီးဘဝတလျှောက်လုံးစိုက်စိုက်မတ်မတ်
လုပ်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုရခဲ့၏....အားကျဖို့ကောင်းပါသည်...အချို့သောသူများသည်ဘဝကိုရောင့်
ရဲတင်းတိမ်နိုင်ကြသည်...ကျွန်တော့်မိတ်ဆွေတယောက်ဆိုလျှင် ကင်မရာတလုံးဖြင့်ပန်းပွင့်ကလေးများလိပ်ပြာ
ကလေးများကိုဓါတ်ပုံလိုက်ရိုက်ပြီးဘဝကိုကျေနပ်စွာဖြတ်သန်းနေသည်ကိုတွေ့ဘူးသည်.....
ဒါကြောင့်အဖိုးတန်
သောအချိန်၊ အစားပြန်၍မရနိုင်သောအချိန်ကို တန်ဖိုးရှိစွာအသုံးချကြပါ.....
အချိန်နှင့်ပါတ်သက်၍ စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်ကိုဖတ်ရ၏....ဖတ်ပြီးတဲ့နောက်ပြန်လည်ဝေငှချင်
လာ၏....ပုံပြင်လေးကတော့.....
တခါကသက္ကသိုလ်တခုမှာ စီးပွားရေးလေ့လာနေသောကျောင်းသားများကို ကျွမ်းကျင်
သူတဦးကအချိန်ကိုစီမံခန့်ခွဲမှုနှင့်ပါတ်သက်၍သင်ကြားပို့ချနေ၏....ဆရာကကျောင်းသားများမမေ့ရအောင်ဥပ
မာပြ၍ရှင်းပြ၏...ဆရာသည်ရေဖန်ချိုင့်တခုယူလာပြီးစားပွဲပေါ်တွင်ချသည်...ထို့နောက်လက်သီးဆုပ်အရွယ်ခန့်
ကျောက်တုံးများကိုစနစ်တကျစီ၍ဖန်ချိုင့်ထဲထည့်သည်....ကျောင်းသားများကဘာလုပ်မှန်းမသိ၍ငြိမ်ပြီးကြည့်
နေ၏....ဖန်ချိုင့်ထဲတွင်ကျောက်တုံးများထည့်၍မရတော့လောက်အောင်ပြည့်သွားသောအခါ ဆရာကကျောင်းသားများကိုမေးလိုက်သည်"ဖန်ချိုင့်ထဲမှာပြည့်သွားပြီလား" ကျောင်းသားများက "ဟုတ်ကဲ့ ပြည့်ပါပြီ" ဟုတညီတညာထဲဖြေကြသည်....ဆရာက "ဟုတ်ရဲ့လား" ဟုပြန်မေးပြီးကျောက်စရစ်တုံးငယ်များထည့်ထားသောအိပ်တအိပ်ကိုဆွဲထုပ်လာသည်...
ထို့နောက်ကျောက်တုံးကြီးများကြားလပ်နေသောနေရာများကြားထဲတွင်ကျောက်

ရစ်ခဲငယ်များကိုလောင်းချသည်...ထိုလစ်ဟာနေသောနေရာများတွင်ကျောက်စရစ်ခဲငယ်များ
ဖြင့်ပြည့်သွားပြန်
သည်...ထို့နောက်ဖန်ချိုင့်ပြည့်ပြီလားဟုကျောင်းသားများကိုမေးလိုက်ရာ
ကျောင်းသားတဦးကမဝန့်မရဲဖြင့်“အင်း
မဟုတ်နိုင်သေးဘူး”ဟုပြန်ဖြေသည်.....
“ကောင်းပြီ”ဟုဆရာကပြောလိုက်ပြီး သဲအိပ်တစ်အိပ်ဆွဲထုတ်လာပြန်
သည်...ကျောက်ခဲငယ်များဖြင့်ပြည့်လွတ်နေသော
နေရာများကြားသို့သဲမှုန်များကိုထပ်၍ဖြည့်ပြန်သည်...ကြားရှိ

လစ်ဟာနေသောနေရာများတွင်သဲမှုန်များထပ်၍ထပ်၍ဝင်သွားပြန်သည်...ဆရာက
ထပ်မေးပြန်သည်“ဖန်ချိင့်
ပြည့်ပြီလား”ကျောင်းသားများက “မပြည့်သေးပါဘူး” ဟုပြောသည်...ဆရာကပြောပြောဆိုဆိုရေတစ်ဖန်ချိုင့်
ဆွဲထုတ်လာ၍ထိုကျောက်ခဲများကြားသို့လောင်းချလိုက်ပြန်သည်...ရေများဖန်ချိုင့်နှုတ်ခမ်းနားအထိပြည့်လျှံသွား
လေသည်...ထိုအခါမှဆရာကကျောင်းသားများကိုကြည့်လိုက်ရင်းမေးလေ၏“ဒီသင်ခန်းစာကမင်းတို့ဘာလေ့
လာရသလဲ”ကျောင်းသားတစ်ဦးကလက်ထောင်ပြရင်း“ဆရာပြောချင်တဲ့အချက်ကကျွန်တော်တို့အချိန်ဇယား
ထဲမှာဘယ်လောက်ပဲမအားတဲ့ကြားထဲက သေသေချာချာရှာရင်အချိန်တွေထပ်ရနိုင်တယ် ကျွန်တော်တို့အချိန်တွေထပ်ဖန်တီးနိုင်တယ်ဆိုတဲ့အချက်ပဲမဟုတ်လားဆရာ” “မဟုတ်သေးဘူး”ဟုဆရာကဖြေသည်....ဒီအခုသင်ခန်းစာမှာပေးချင်တဲ့အချက်က အကြီးဆုံးကျောက်တုံးတွေကိုအရင်မထည့်ဘူးဆိုရင်ကျွန်တော်တို့ဒီလောက်များ
များထပ်ထပ်ထည့်လို့မရနိုင်ဘူးဆိုတဲ့အချက်ပဲ...ကျွန်တော်တို့အသေးအဖွဲတွေနဲ့အလုပ်ရှုပ်နေလို့မရဘူး...
ကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလည်း”......
ကျွန်တော်တို့ခလေးတွေလား...ကျွန်တော်တို့အချစ်ရဆုံးအိမ်သူလား....ပညာရေးအိမ်မက်
အဖိုးတန်တဲ့မိမိရဲ့အရေး...လှုပ်ရှားမှု...ကျမ်းမာရေး....မိမိဝါသနာပါရာကိုလုပ်နေရမှု....အခြားသူတွေအတွက်
ပရဟိတစသည်ဖြင့်ရှိမယ်...အားလုံးသတိ့ကြဖို့ကအရေးကြီးတဲ့ကျောက်တုံးတွေအရင်ထည့်ရမယ်...မထည့်ရင်
ကျွန်တော်တို့ဘာမှထပ်ထည့်လို့မရနိုင်တော့ဘူး...ကျွန်တော်တို့ဘဝတိုတိုမှာအချိန်ကိုဘယ်လိုမှအကျိုးရှိရှိလုပ်
နိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့်ကိုယ့်ကို ကိုမေးခွန်းပြန်ထုတ်ပါ...
{အားလုံးတစ်ဦးချင်းဆီရဲ့ဘဝမှာအရေးကြီးတဲ့ကျောက်တုံးတွေကဘာတွေလဲ}
အချိန်ကိုတန်ဖိုးရှိစွာအသုံးချနိုင်ကြပါစေ
(ရာမညသားေ
လး-malaysia)

မလေးရှားမှာအလုပ်လုပ်ချင်တဲ့သူများအတွက်

0 comments
မလေးရှားကိုလာရောက်ကြမဲ့ရွှေညီအစ်က်ုမောင်နှမများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခုအချိန်မှာ မြန်မာပြည်မှာစီးပွားရေး လုပ်ကိုင်စားသောက်ရတာတွေအဆင်မပြေကြတော့ နိုင်ငံရပ်ခြားကိုထွက်ပြီးတော့အလုပ်လုပ်ကိုင်ရှာဖွေနေရပါတယ်...
အထူးသဖြင့်မြန်မာတွေဟာအိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ မလေး
ရှားနိုင်ငံကိုလူဦးရေ သိန်းနဲ့ချီပြီးလာရောက် အလုပ်လုပ်ကိုင်နေကြတယ်...ဒါပေမယ့်အဆင်ပြေသူများလည်းရှိသ
လို အဆင်မပြေတဲ့သူများဟာလည်းဒုနဲ့ဒေးရှိကြတယ်...
မလေးရှားမှအလုပ်သမားများ
_____________________


မလေးရှားကိုလာကြတော့မယ်ဆိုရင် အရင်ဆုံးမလာခင်မှာ ဟိုမှာအလုပ်လုပ်
နေတဲ့သူတွေ လုပ်ခဲ့ဘူးတဲ့သူတွေဆီ ဒီမှာကြုံရမယ့်အခြေနေတွေ အေးဂျင့်တွေရဲ့လုပ်ပုံလုပ်နည်းတွေ
လစာဘယ်လောက်ပေးလဲ OT ကြေးတွေကဘယ်လိုပုံစံလဲ OT ပုံမှန်ရှိလားစသည်ဖြစ် အရင်ဆုံးလေ့
လာစုံစမ်းပြီးမှလာကြမယ်ဆိုရင် နဲနဲအဆင်ပြေနိုင်တယ်...ဒါမှမဟုတ် ဧဂျင့်ရဲ့စကားကိုယုံပြီး ဘာမှ
မစုံစမ်းပဲ လာမယ်ဆိုရင်တော့ ကျိန်းသေဒုက္ခရောက်လိမ့်မယ်.....
တကယ်တော့ဧဂျင့်တွေဟာ သူတို့ငွေရဖို့ သူတို့ချမ်းသာဖို့အတွက်ကြမ်းပိုးကိုလိပ်ဖြစ်
အောင်ပြောတတ်ကြတယ်...ဧဂျင့်အများစုဟာဒီအတိုင်းကြီးပဲ...ကောင်းတာလည်းရှိတော့ရှိပါတယ်
ဒါပေမယ့်ရှားတယ်...ဧဂျင့်တွေဟာဘယ်ဧဂျင့်ပဲဖြစ်ဖြစ် သူတို့အတွက်ကျန်မှလုပ်တတ်တယ်....ဒါသူ
တို့ရဲ့လုပ်ထုံးလုပ်နည်းပဲ...ဧဂျင့်ကောင်းတယ်ဆိုတာ ဖြတ်စားတာနည်းတယ်ဆိုရင်ကောင်းတာပါပဲ
သူတို့ကူညီတာပါဘာညာပြောရင်လည်းဘယ်တော့မှမယုံပါနဲ့...အဲတာသူတို့အတွက်ပြည့်စုံအောင်ချန်
ပြီးသားပဲ....အခုနောက်ပိုင်းမှာ တချို့ဧဂျင့်တွေဆိုရင်သူတို့အတွက်ရေရှည်စားဖို့ပါလုပ်ထားကြတယ်
ပါတ်စ်ပို့တွေကို အလုပ်ရှင်သူဌေးဆီမှာအပ်ထားပြီးအလုပ်မားတွေရဲ့လစာငွေတွေကိုထိန်းချုပ်ထား
တယ်...အလုပ်သမားတယောက်ကိုသူဌေးကတနေ့ ၃၅ ရင်းဂစ်ပေးတယ်ဆိုရင် သူတို့ကအလုပ်သမား
ကို ၃၀ ရင်းဂစ်နဲ့ပဲရှင်းပေးပြီးသူတို့အတွက် ၅ ရင်းဂစ် နေ့စဉ်ရနေတယ်..ဘာမှမလုပ်ပဲအချောင်ရတော့
တာပဲ...အလုပ်သမားများရင်ပိုပြီးကိုက်တာပေါ့...ဒါဟာအလုပ်သမားရသင့်တဲ့ချေးနဲစာကိုဖြတ်စား
တာပါ...သူဌေးလည်းဘာမှမတတ်နိင်ဘူးလေ....အလုပ်သမားလိုနေချိန်မှာ ဧဂျင့်ကစကားကိုအပြီး
ပြောပြီးအပိုင်ရိုက်တာပါ....(ဒါဟာကျွန်တော်ကြားဖူးနားဝပြောနေခြင်းမဟုပ်ပါ...လက်ရှိကျွန်တော့်
ဝန်းကျင်တွင်ဖြစ်နေသောအတွေအကြုံများဖြစ်ပါတယ်........အသေးစိတ်သိလိုလျှင်......

myoyamanya@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ)
ဒါကြောင့် malaysia ကိုလာကြတော့မယ်ဆိုရင်သေသေချာချာမေးမြန်းစုံစမ်းပြီးမှလာ
သင့်ပါကြောင်း သတိပေးလိုက်ပါတယ်.
....

ရွှေညီအစ်ကိုမောင်နှများ ဧဂျင့်ဖြတ်စားမှုများမှကင်းဝေးကြပါစေ......

မွေးမြေရပ်ကိုလွမ်းတဲ့နေ့များ(၂) ....

0 comments
ကျွန်တော့်ရဲ့မွေးရပ်မြေကျိုက်မရောမြို့တစ်ဖက်မှာတောင်ညိုတောင်တန်းကြီးကတနသာင်္ရီတိုင်းအထိ သွယ်တန်းလို့နေပါတယ်....ကျိုက်မရောမြို့ရဲ့တစ်ဖက်တောင်တန်းဟိုဖက်ဆီမှာတော
့ကမ္ဘာ့အကြီးဆုံးလျှောင်း
တော်မူဘုရားကြီးရှိပါတယ်....မွန်ဆရာတော်ဟာဒီဘုရားကြီးကိုအိမ်မက်အရ
တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး
ဝင်းစိန်တောရကျောင်းဖြစ်ပါတယ်...
ဗျိုင်းနှစ်ကောင်ဆရာတော်လို့လည်းလူသိများတယ်....


ကမ္ဘာအကြီးဆုံးလျှောင်းတော်မူဘုရားကြီး.......
~~~~~~~~~~~~~~~~~~~~~~~~~~



ယနေ့ကမ္ဘာကြီးမှာ ခောတ်တွေစနစ်တွေပြောင်းလဲလာတာနဲ့အမျှ နည်းပညာတွေလည်းတိုး
တက်ပြောင်းလဲလို့လာပါတယ်....အခုဆိုရင် google earth ကျေးဇူးနဲ့တစ်ကမ္ဘာလုံးကို ကြည့်ရှုလို့ရနေပါပြီ....ကျွန်တော်လည်းမွေးရပ်မြေက ရှုခင်းလေးတွေကို google earth ကနေတစ်ဆင့်တင်ပေးလိုက်တာပါ....

မွေးမြေရပ်ကိုလွမ်းတဲ့နေ့များ ....(၁)

0 comments
အင်တာနက်ထဲမှာလူတွေတော်တော်များများဟာ blog တွေရေးနေကြတယ်....ကိုယ်ပိုင်ခံစားချက်တွေ၊
ကဗျာတွေ၊ ရသစာပေတွေ၊ နည်းပညာတွေ ကိုဝေမျှခံစားနေကြတယ်...ဒါတွေကြည့်ကြည့်ပြီးကျွန်တော်လည်း
အရူးထလာတယ်...ရေးကြည့်ချင်လာတယ်...ဒါပေမယ့် သူများလိုကျွန်တော်က ရေးမတတ်တော့ ဘာရေးရမှန်း
လည်းမသိဘူး..ပညာအခြေခံကလည်းမကောင်းတော့ ဖြေးဖြေးနဲု့ကြိုးစားပြီးရေးနေတာပါခင်ဗျာ.....ဘာမှရေး
လို့မတတ်တော့...စဉ်းစားနေရင်းနဲ့ အိမ်ကိုလည်းလွမ်းနေတဲ့အချိန်ဆိုတော့ ဇာတိမြို့ကလေးအကြောင်းရေး
ကြည့်ချင်လာတယ်...ဒါနဲ့ပဲမြန်မာနိုင်ငံအောက်ပိုင်းက ကျွန်တော်ရဲ့ဇာတိမြို့ကလေး ကျိုက်မရောမြို့ အကြောင်း
ရေးလိုက်တာပါခင်ဗျာ......
ထန်းပင်ထန်းလက်ထန်းရွက်ညီညီ ကျိုက်မရာမြို့ကသာယာလှပေသည်.....
ဆိုသည့်သီချင်းအတိုင်း...ကျိုက်မရာမြို့အ၀င်လမ်းမတစ်လျှောက်မှာ ထန်းပင်များဖြင့်စီတန်းနေသည်မှာ....
ပုံမှာမြင်ရတဲ့အတိုင်းပါပဲ.... ကျိုက်မရောမြို့မှာတစ်ကယ်တော့ ထူးထူးခြားခြားဘာမှမရှိပဲ ကျေးလက်သဘာ
ဝဆန်နေတာကိုကထူးခြားမှုတစ်ခုပါ....ရှင်စောပုဘုရင်မတည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့်ဘုရားကြီး
လဲ သပ္ပါယ်ဖို့ကောင်းလှပါတယ်....

ကျိုက်မရာမြို့ဟာ မော်လမြိုင်မြို့နဲ့ ၁၅ မိုင်သာကွာဝေးပြီး ကားလမ်းမကြီးဟာ အထ္ထရံမြစ်
မှာအဆုံးသတ်ပါတယ်.....ကားလမ်းရဲ့တစ်ဖက်မှာ တောင်ညိုတောင်တန်းကြီးက၀န်းရံထား
ပြီးတစ်ဖက်မှာတော့ စိမ်းလန်းစိုပြေတဲ့စိုက်ခင်းများနဲ့ တောင်ကနေမြောက်ဖက်ကို ပြောင်းပြန်
စီးဆင်းနေတဲ့ အထ္ထရံမြစ်ကြီးကသွယ်တန်းထားလို့နေပါတယ်...ပြောရမယ်ဆိုရင် ကိုယ့်မြို့ကိုယ့်
ရွာဖြစ်လို့ပြောတာတော့မဟုတ်ဘူး အရမ်းကိုကျေးလက်ဆန်ပြီး တောရိပ်တောင်ရိပ်တွေနဲ့ကဗျာ
ဆန်တဲ့မြို့ကျဉ်းကျဉ်းလေးပါပဲ....
လောကမှာလူသားတွေကိုမပြောနဲ့ အဟိတ္တိရိစ္ဆာန် နွားတွေတောင်မှအချိန်
တန်ရင်ချည်တိုင်ကိုသတိရသေးတာပဲမဟုတ်လားခင်ဗျာ...ကျွန်တော်ဆိုရင်လည်း ကိုယ့်ရဲ့အိမ်ကိုယ့်
ရဲ့မြို့ကလေးကို အမြဲတတမ်းပဲသတိရနေတာ မဆန်းပါဘူးနော်...အခြေနေအရ malaysia နိုင်ငံမှာ
အလုပ်လုပ်ရင်းနေနေရပေမယ့် ဇာတိမြေလေးရဲ့နွေထွေးလုံခြုံမှုကိုအမြဲတမ်းအောက်မေ့နေဆဲပါ...
ဇာတိမွေးရပ်မြေကိုခင်တွယ်ချစ်မြတ်နိုးတဲ့သူအားလုံး ကျွန်တော့်လိုပဲခံစားရလိမ့်မယ်လို့
ထင်ပါတယ်.......

google earth ကနေ အပေါ်စီးကမြင်ရတဲ့ ကျွန်တော့်မွေးရပ်မြေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အတ္ထရံမြစ် ကမ်းနဖူးပေါ်မေးတင်ထားတဲ့ ကျိုက်မရောမြို့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Google earth ရဲ့ကျေးဇူးကြောင့် ငယ်ငယ်ကကျောင်းပြေးပြီး ငါးသွားမျှားတဲ့နေရာ
လေးတွေ၊ ငှက်လိုက်ပစ်တဲ့နေရာလေးတွေကို အလွမ်းပြေကြည့်ရှုခွင့်ရခဲ့ပြီ....malaysia မှာ နှစ်ပေါင်းများစွာအ
လုပ်လုပ်ရင်း ငြီးငွေ့ခဲ့ရတာတွေ၊ ပင်းပန်းနေရတာတွေ ဟာဇာတိမြေရဲ့နွေးထွေးမှုတွေကို ပိုပိုပြီးသတိရစေခဲ့ပါ
တယ်ခင်ဗျာ.......
လောကမှာလူတိုင်းလူတိုင်းဟာပုံမှန်အားဖြင့်တော့ အတိတ်ကိုမေ့တယ်ရယ်လို့မရှိကြဘူးနော်
ဘယ်လောက်ပဲအခြေနေတွေပြောင်းလဲပါစေ...ဘ၀တွေပြောင်းလဲပါစေ တစ်ချိန်မဟုတ်တစ်ချိန်တော့ တိုက်ဆိုင်
မှုရှိခဲ့လို့ပဲဖြစ်ဖြစ် အရင်နေထိုင်ခဲ့တဲ့နေရာလေးတွေ၊ ဆက်ဆံခဲ့ဘူးတဲ့လူတွေ၊ ကြုံခဲ့ရတဲ့အဖြစ်တွေကို သတိရနေ
တတ်တာပါပဲ.....(ဒီနေရာမှာလွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။ အမြင်မတူသူများ comments ရေးခဲ့ပေးပါခင်ဗျာ)ကျွန်တော်ကတော့သူများထက်ကိုပိုများပိုနေမလားတော့မသိဘူး အချိန်တိုင်းမဟုတ်တောင်
အမြဲတမ်းတော့ ကျွန်တော်နေထိုင်ခဲ့တဲ့ ကျွန်တော့်အိမ်က အိပ်ခန်းကလေး၊ ကျွန်တော်ငါးမျှားနေကြ စမ်းချောင်း
ကလေး၊ ကွန်တော်ငှက်ပစ်နေကြ တောတန်းလေး ပြီးတော့ ကျွန်တော့်ရဲ့ဆိုးဖော်ဆိုးဖက်ငယ်သူငယ်ချင်းများ
အားလုံးကို ရင်မှာတမ်းတမ်းတတနဲ့ ရပ်ဝေးမြေခြားကနေ လွမ်းဆွတ်သတိရလျှက်ပါခင်ဗျာ.......